Saturday, May 21, 2022

CNF/A ဖြတ်သန်းလာခဲ.သမျှ ❗





🔼 ကချင်ပြည် KIO ဌာနချုပ်၌ သင်တန်းတက်ခဲ.။
🔼 သင်တန်းပြီးလို. ကချင်နယ်မြေမှာပဲ ရှေ့တန်းထွက်ခဲ.။
🔼 ရှေ့တန်းမှာ ကျည်ဆံမိုးတွေ ရွာသည်.ကြားက အောင်ပွဲဆင်    

🔼 သင်တန်းပြီးလို. မိုင်ပေါင်းများစွာ ဝေးသည်. ကချင်မြေ မှ ချင်းပြည်ကို ခြေကျင်ဖြင့် လပေါင်းများစွာ ပြန်လာ။
🔼 အပြန်ခရီး၌ စားစရာ ရိက္ခာကိုယ်စီ သယ်ယူရင်း  ရက်လ ကြာညောင်းသည်.အခါ စားနပ်ရိက္ခာကုန်လာသဖြင်. တွေ.သမျှစား၊ တွေ.သမျှရေ သောက်။
🔼 လမ်းခရီးကြမ်းတမ်း၊ ရာသီဥတု ဆိုးဝါးလွန်း၍ ငှက်ဖျားရောဂါဖြစ်ကာ တစ်ဦးကိုတစ်ဦး ပုခုံးထမ်း ကူညီသယ်ပို့ကာ ခရီးဆက်ခဲ့။
🔼 ကချင်မြေမှ ထွက်စဥ်က အားကောင်းမောင်းသန် ဖြစ်ခဲ.သော်လည်း ချင်းပြည် မရောက်မီ ပိန်ချုံးနွမ်းနယ် အားအင်လျော့နည်းလာ။
🔼 ဝတ်သမျှ ယူနီဖောင်း ပေါက်ပြဲဖါထေးရာက ကွက်လပ်မကျန်။
🔼 စီးသည်.ဖိနပ် ချွတ်ကြည်.သော် နူနာကဲ.သို. ပွေးဝဲ ဒါဏ်ရာများစွာ
🔼 ကုစရာဆေးဝါး  ဗလာနတ္တိ၊ ခရီးဆက်ရင်း အမိချင်းပြည်ရောက်သော် နွေးထွေးပျူဌါသည်. အပြုံးပန်းတွေနဲ. ကြိုဆိုမည် ဆိုသည်.ပီတိ ရင်ဝယ် ပိုက်လျှက် တစ်ရက်ချင်းတစ်ရက် လျှောက်လာရင်း 'မင်းတို. သူပုန်တွေ လက်မခံဘူး၊ ရွာနာတယ်' အပြောခံရ။
🔼 ချင်းပြည်ရှိ ချင်းလူမျိုးများ လက်ခံမှု မရှိသဖြင်. ဘဂ်လားဒေ့ ရှိ မိမိ ချင်းလူမျိုး( Bawm) များနေထိုင်ရာ စစ်တကောင်းကို ခရီးဆက်ခဲ.ရပြန်။
🔼စစ်တကောင်းဒေသရှိ ချင်းလူထုမှ တိုးတိုးတိတ်တိတ် ကူညီမှု ရခဲ.သည်။
🔼 ထိုသို.သော အခက်ခဲပေါင်းများစွာ ဖြတ်ကျော်ရင်း CNF/A (70) ဦး သွေး မြေကျကာ နောက်မဆုတ်တမ်း ခရီးဆက်နေသည်. CNF/A အတွက် ဝမ်းနည်း,ဝမ်းသာ ဂုဏ်ယူမိပါကြောင်း။

No comments:

Post a Comment

LAI HOLH