Wednesday, January 25, 2023
Saturday, May 21, 2022
တော်လှန်ရေး၌ ကျားကြီး KNU , ခြင်သေ. KIA ၊ ကျားသစ် AA, သိန်းဌက် CNF/A ( Part 2)
CHIN လူမျိုးများသည် တော်လှန်ရေး၌ အိပ်ပျော်ပြီး အမျိုးသားရေး၌ မနိုးကြားသည်. လူမျိုးများမဟုတ်ပေ၊ မြန်မာ.တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနုတို.ရှေ.မှောက်၌ ဒု-ဗိုလ်မှူးကြီး ဆွန်ခိုပေါင်သည် " မြန်မာပြည်၌ ဗမာလူမျိုးမရှိမှ ငြိမ်းချမ်းမည်" ဟု အမှန်တရားကို ပန်းကန်ပြားနဲ.မဖုံး၊ အထက်လူကြီး ပြောသမျှ ဟုတ်ကဲ.ထူးသည်.ထဲမှာ ချင်းခေါင်း ဆောင်များ မပါခဲ.ကြောင်း Part(One) ၌ ဖေါ်ပြခဲ.ပြီးဖြစ်သည်။
မြန်မာ.တပ်မတော်၌ ချင်းသေနတ်ကိုင် တပ်ရင်း ၁,၂,၃,၄ ရှိခဲ.ပြီး အမှတ်(၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင်နှုင်. Pu Hrang Nawl တို. ပူးပေါင်း ထူထောင်သည်. ချင်း-တော်လှန်ရေး ပထမလှိုင်းသည် မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကြောင်. ၁၀ နှစ်တာအတွင်း နထံမထူနိုင် မှေးမှိန်ပျောက်ကွယ် ခဲ.သော်လည်း ၈၈ အရေးတော်ပုံမီး တနိုင်ငံလုံး ဟုန်းဟုန်းတောက် လောင်ကြွမ်းသည်.အခါ ပညာတတ် ကျောင်းသားလူငယ်များဖြင်. ဖွဲ.စည်းသည်. ယခင်မြေခ ကြွေကျခဲ.သည်. ပန်းနုရောင် ချင်းတော်လှန်ရေး CNF/A ပြန်လည်နုပျို လန်းဆန်းလာခဲ.ပြီ ဖြစ်သည်။
၉၀ % ခရစ်ယန် ဖြစ်သည်. ချင်းပြည်သူမှ ပေါက်ပွါးလာသည်. CNF/A ထဲတွင် သင်းအုပ်ဆရာ, အသင်းတော်လူကြီး သားသမီးများလည်း ပါဝင်နေသဖြင်. အရှင်လတ်လတ် လူကိုပစ်ရန် သေနပ်ခလုတ် နှိပ်ရဲသည်.သတ္တိ လူတိုင်း၌မရှိခဲ.ဘူး' ဟု စာရေးသူ ခန်.မှန်းရသည်မှာ ကမ္ဘာ.အတိမှတ်ပြုသည်. လက်နက်ကိုင် တော်လှန်ရေး အမည်ခံရုံလေး ဟန်ပြသေနတ်ကိုင်ပြီး non violent revolution လမ်းစဥ်ကို ရွေးချယ်ခဲ.ကြောင်းလည်း ဖေါ်ပြပြီးဖြစ်သည်။
ထိုစဥ် မြန်မာတပြည်လုံးသည် တပ်မတော်ကို အကောင်းမြင်သည်. အချိန် (တနည်း) စစ်တပ်အငြိမ်းစားတိုင်း သွပ်မိုးအိမ်၊ မြင်းနှစ်ကောင် နှုင်. နှစ်လုံးပူးသေနတ် ပိုင်ဆိုင်ပြီး ပျိုတိုင်းကြိုက်သည်. နှင်းဆီခိုင် လူနေမှု အဆင်.မြင်. ပင်စင်စားဘဝ ဖြစ်ခဲ.သဖြင်. "CNF/A သည် သူပုန်၊ CNF/A ကြောင်. ငါတို. ရွာနာတယ်၊ အခုထွက်သွား" ဆိုသည်. ဆိုင်းဘုတ်များ ရွာလယ်လမ်းဆုံ လမ်းခွ၌ ချိတ်လျှက် CNF/A ထောက်ခံ အားပေးသူအား စစ်တပ်မှဖမ်းဆီး၊ သတ်ဖြတ်မှုခံရကာ CNF/A အားအင်လည်း ချိနဲလာပြီး ရှေ.ဆက်မည်. ခရီးလမ်းလည်း ကျည်းမြောင်း လာခဲ.သည်။
၁၉၈၈ မှ ၂၀၀၀ နှစ် ဝန်းကျင်အထိ ချင်းတော်လှန်ရေး ဒုတိယလှိုင်း ဖြစ်သည်. CNF/A သည် ချင်းလူမျိုး အများစု၏ ရာနှုန်းပြည်. ထောက်ခံပံ.ပိုးခြင်း မရှိသည်.အခါ အစဥ်မပြေမှု ပြသနာ၊ အခက်ခဲပေါင်း သောင်းခြောက်ထောင် ရင်ဆိုင်ရင်း မလျော.သောဇွဲ၊ အရှုံးမပေးသည်. လုံ.လဖြင်. လျောက်လှမ်းရင်း 2013 ရောက်လာသည်.အခါ UN , UNPO , US, UK, EU အသိမှတ်ပြုသည်. တော်လှန်ရေးတပ် ဖြစ်လာပြီး စစ်ကောင်စီ၏ တရားဝင် လက်နက်ကိုင် အဖွဲ.စည်းဟု လက်ခံသည်. NCA (political dialogue) ဖိတ်ကြားခြင်းခံ အဖွဲ. ဖြစ်လာသည်။
အထက်ဖေါ်ပြခဲ.သည်.အတိုင်း CNF/A လိုအပ်သည်. အသုံးစရိတ် များအား ချင်းပြည်သူထံမှ မကောက်ခံတော.ပဲ နိုင်ငံတကာ (၁၆)နိုင်ငံထဲမှ တစ်နှစ် $150 စီ ထောက်ပံ.ရန် sep 4, 2010 တွင် Chinland Club ဖွဲ.စည်းခဲ.သော်လည်း ၆ နိုင်ငံ၌ နေထိုင်သည်. ချင်းလူမျိုးသာလျှင် ၁၀ နှစ်ကျော် ထောက်ပံ.ခဲ.ကြောင်း သိရ သည်။
သို.သော် စစ်ကောင်စီ၏ အာဏာသိမ်းသည်. Feb 1 ,2021 သည် ချင်းတော်လှန်ရေး ဒုတိယလှိုင်း Second wave ၏ ကံကြမ္မာ အလှည်.အပြောင်း (တနည်း) CNF/A အပေါ် နှစ်ပေါင်း ၃၀ ကျော် ချင်းပြည်သူမက်ခဲ.သမျှ နေ.ခင်းအိမ်မက်များ အကောင်ထည်ဖေါ်ရန် ရောင်ခြည်သမ်းခဲ.လေပြီ။
ယခင် နိုင်ငံတကာရောက် ချင်းလူမျိုး ၁၆ နိုင်ငံမှ ၆ နိုင်ငံ၏ ထောက်ခံ ပံ.ပိုးမှုဖြင်.သာ ရပ်တည်လာသည်. CNF/A အား ပြည်တွင်း ချင်းလူမျိုး+ ၁၆နိုင်ငံသို. ရောက်နေသည်. ချင်းလူမျိုးများ၏ ဝက်ဝက်ကွဲ အားပေး ထောက်ခံသည်. CNF/A ဖြစ်လာပြီဖြစ်သည်။ ထိုအရာကို ကြည်.ခြင်း အားဖြင်. ချင်းတော်လှန်ရေး အောင်မြင်မှု လှေကားထစ် ထိပ်ဆုံးသို. ရောက်ကာ ချင်းအလံ လွှင်.ထူလုနီးပြီဟု ပြောနိုင်သည်။
စစ်ကောင်စီ အာဏာသိမ်းပြီး တစ်လအကြာ မတ်လမှစ၍ ပန်းနုရောင်တော်လှန်ရေး (Vauraung Dotlennak) အဖွဲ.သည်. ယနေ.အထိ မနားတမ်း အလှူများ ဆက်တိုက် ကောက်ခံလျှက်ရှိသည်။ ( Vauraung= စွယ်တော်ပန်း, Dotlennak= တော်လှန်ရေးဟု အမည်ရသည်) စွယ်တော်အမျိုးစား များစွာရှိသည်.အနက် ချင်းပြည်တွင် ပွင်.သည်. စွယ်တော်ပန်းသည် နွယ်ပင်အမျိုးစား မဟုတ်၊ ၁၀ ပေ ၁၅ ပေမှ ဧရာမ ကြီးမားသည်. အပင်ဖြစ်ပြီး အဖြူရောင် ပွင်.ဖတ်များထဲမှ ပန်းနုရောင် တစ်ဖတ် ပါဝင်ကာ နွေဦးရာသီ ပိတောက်ပန်းနှုင်. အပြိုင် ပွင်.လေ. ရှိသည်။
စွယ်တော်ပန်း၏ ထူးခြားသည်. နောက်အချက်မူကား အပွင်.ပွင်.ချိန်တွင် အရွက်များကြွေကျကာ တစ်တောလုံး အဖြူရောင် (သန်.ရှင်းခြင်း) ကတ္တီပါ ကော်ဇောအလယ်၌ ပန်းနုရောင်များဖြင်. ချယ်သနေသည်. ဘုရားသခင်၏ လက်ရာကို မြင်တွေ.ခံစားသည်။
ကျားကြီး KNU , ခြင်္သေ. KIA , ကျားသစ် AA , CNF _? (Part One)
တိုင်းရင်းသား လက်နက်ကိုင် ကျားကြီး KNU ဟိန်းသံ , ခြင်္သေ. KIA ဟောက်သံ နဲ. ကျားသစ် AA ၏ အော်သံ ရှေ.ဆင်.နောက်ဆင်. ဆိုသလို ထွက်ပေါ် လာသည်.အခါ ဘယ်ပြည်သူမှ မတင်မြှောက်ပဲ သူ.ကိုယ်သူ မြန်မာ ဘုရင် "မင်း"ဟု အာဏာ အတင်းလုယူသည်. "မင်းဆိုး၊မင်းညစ်၊ မင်း ယုတ်၊ မင်းအောင်လှိုင် ကတော. အခုချိန် ရင်တုန်-ဒူးတုန်-ဖင်တုန် ဖြစ်ရုံ မှတပါး ဘာများ တတ်နိုင်အုံးမည်နည်း?
(1)1920s-1947 -- Mohandas Gandhi
(2) 1968-69 -- Soviet vs Czechoslovakia
(3) 1986 -- The Philippines "people power"
(4) 1990 -- Nelson Mandela South Africa
(5) 1996 -- Serbia dictator Slobodan Milosevic,
Tuesday, February 22, 2022
ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ပထမရက် ICJ မှာ ကြားနာ
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ရဲ့ လျှောက်လဲ တင်ပြ ချက်တွေကို နောက်ထပ် ကြားနာမှု ဒီနေ့ စတင်နေပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက် ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့ အတွက် အဲဒီကန့်ကွက်မှုတွေနဲ့ပတ်သက်ပြီး ICJ က ကြားနာနေတာ ဖြစ်ပါတယ်။
မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့
ဒီနေ့ ကြားနာမှုကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တက်ရောက်တဲ့ လူအရေအတွက် ကန့်သတ်ထားပြီး လူကိုယ်တိုင်ရော ဗီဒီယိုလင့်ခ် ကနေပါ နှစ်မျိုးစလုံးနဲ့ ကျင်းပပါတယ်။
လေးရက်တာ ကြားနာမှုမှာ ဒီနေ့ ပထမဆုံးနေ့အဖြစ် မြန်မာဘက်က သူတို့ရဲ့ ကန့်ကွက်လွှာကို လျောက်ထားရပါတယ်။ မြန်မာဘက်က ကိုယ်စားလှယ် အဖြစ် ယခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာမှာ အခုအခါ စစ်ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်က တာ၀န်ယူထားပြီး သူနဲ့အတူ ယူကေအခြေစိုက် ရှေ့နေအဖွဲ့က ရှေ့နေ ၃ ဦး တရားရုံးကို တက်ရောက်တာ တွေ့ရပါတယ်။ မြန်မာဘက်က ပူးတွဲကိုယ်စားလှယ် အဖြစ် ဒေါက်တာ သီတာဦးက တာဝန်ယူပါတယ်။
အခုကြားနာမှုမှာ သဘာပတိအဖြစ် လက်ရှိ အိုင်စီဂျေရဲ့ ဥက္ကဋ္ဌ အမေရိကန် တရားသူကြီး ဂျုန်း ဒေါ်နိုဟူးက ဆောင်ရွက်ပါတယ်။အထူးတရား သူကြီးတွေအဖြစ် အရင်ကြားနာပွဲတွေကတည်းက နိုင်ငံ အသီးသီးက တင်သွင်းခဲ့တဲ့ တရားသူကြီးတွေလည်း တက်ရောက်ကြပြီး ဂမ်ဘီယာဘက်က တောင်အာဖရိကနိုင်ငံက ဥပဒေ ပညာရှင် ဒေါက်တာ နာဗီ ပီလေးနဲ့ မြန်မာဘက်ကတော့ ဂျာမနီနိုင်ငံက ပါမောက္ခ ကလော့စ် ခရက်ဘ် ဖြစ်ပါတယ်။
ဘယ်အချက်တွေကို မူတည်ကန့်ကွက်တာလဲ
မြန်မာဘက်က အချက် ၄ ချက်နဲ့အဓိက ကန့်ကွက်သွားမယ်လို့ ဦး ကိုကိုလှိုင်က ကြားနာမှု စစချင်းမှာ ပြောပါတယ်။မြန်မာဘက်က လိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေအဖွဲ့က ဒေါက်တာ ခရစ္စတိုဖာ စတိတ်ကာ တင်ပြတဲ့ ပထမဆုံးအချက်မှာတော့ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ် နိုင်ငံများအဖွဲ့ အိုအိုင်စီ ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ ဒီလို တရားစွဲလို့ မရဘူးလို့ ထောက်ပြခဲ့ပါတယ်။
အိုင်စီဂျေကို တင်ပြတိုင်ကြားရာမှာ နိုင်ငံတစ်ခုက နောက်နိုင်ငံ တစ်ခုကိုသာ တရားစွဲဖို့ တင်ပြလို့ရတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်တဲ့ အိုအိုင်စီက သူတို့ကိုယ်စား ဂမ်ဘီယာကို တရားစွဲ စေတာဖြစ်တယ်၊ ဒါကြောင့် တရားရုံးအနေနဲ့ အမှုကို လက်ခံ စဉ်းစားဖို့ မသင့်ဘူးလို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် ရှေ့နေတွေကလည်း အခု တရားစွဲဆိုမှုမှာ ဂမ်ဘီယာဟာ နစ်နာတဲ့နိုင်ငံ၊ သူ့နိုင်ငံသားတွေ ထိခိုက်ခံရလို့ တိုင်ကြားတဲ့သူမဟုတ်ဘူး။ ရိုဟင်ဂျာတွေ ထိခိုက်နစ်နာတယ်ဆိုရာမှာ ဂမ်ဘီယာက တိုက်ရိုက် ဆက်စပ်ပတ်သက်မှု မရှိတဲ့အတွက် တရားစွဲဆိုနိုင်တဲ့ အနေအထား မရှိဘူးလို့ ကန့်ကွက် တင်ပြခဲ့ပါတယ်။ တတိယ ကန့်ကွက်ချက် အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ပဋိဉာဉ်ကို မြန်မာနိုင်ငံက လက်မှတ် ရေး ထိုးခဲ့စဉ်က ပုဒ်မ ၈ ကို ချွင်းချက် ထားခဲ့ တယ် ဆိုတာကို ထောက်ပြ ပြီး အဲဒီအတွက် မြန်မာကို ဥပဒေအရ တရားစွဲဆိုလို့ မရဘူးလို့ တင်ပြ ပါတယ်။ စတုတ္ထ ကန့်ကွက်ချက်အနေနဲ့ တရားရုံးအနေနဲ့ ဒီအမှုကို လက်ခံစဉ်းစားခွင့် မရှိဘူးဆိုတာကို ဂမ်ဘီယာနဲ့ မြန်မာကြားမှာ တိုက်ရိုက် အငြင်းပွားမှု ပြဿနာရှိမနေဘူးဆိုတဲ့ အချက်နဲ့ တင်ပြ ကန့်ကွက် သွားပါတယ်။
မြန်မာဘက်က ကန့်ကွက်မှုတွေအားလုံးဟာ ဥပဒေအကြောင်းချင်း ရာတွေကို ကိုးကားပြီး ဂမ်ဘီယာက တရားစွဲဆိုခွင့်မရှိဘူး၊ တရားရုံးက ဒီအမှုကို လက်ခံစဉ်းစားခွင့် မရှိဘူးဆိုတဲ့အချက်တွေကို အဓိက တင်ပြ သွား ခဲ့တာဖြစ်ပါတယ်။
ဂမ်ဘီယာရဲ့ မျှော်လင့်ချက်
ဒီနေ့ ကြားနာမှုမှာ ဂမ်ဘီယာဘက်ကတော့ ကိုယ်စားလှယ်အသစ်အဖြစ် ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ့ဒါ ဂျာလိုးက လူကိုယ်တိုင် တက်ရောက် ပါတယ်။ သူ့ရဲ့မျှော်လင့်ချက်နဲ့ပတ်သက်လို့ ဒေါ့ဒါ ဂျာလိုးက ကြားနာပွဲ မစခင်လေးမှာပဲ ဘီဘီစီမြန်မာပိုင်းကို အခုလို ပြောပါတယ်။
"တရားရုံးအနေနဲ့ မြန်မာဘက်က ကန့်ကွက်မှုကို ပယ်ချမယ်လို့ပဲ မျှော်လင့်ထားပါတယ်။ ဒီတရားရုံးမှာ ဆုံးဖြတ်စီရင်ပိုင်ခွင့်အာဏာ မရှိဘူး ဆိုပြီး မြန်မာဘက်က ကန့်ကွက်ထားတာပါ။ မြန်မာဘက်ကနေ အခုတစ်ကြိမ်ရော၊ ၂၀၂၀ ဇန်နဝါရီလတုန်းက ကြားဖြတ် အစီအမံချခဲ့တဲ့ ကြားနာမှုတွေမှာရော သူတို့တင်သွင်းခဲ့တဲ့ အဓိက အချက်အလက် တွေကို တရားရုံးက တညီတညွတ်တည်း လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ဒါကြောင့် တရားရုံးအနေနဲ့ အဲဒီတုန်းက သူတို့ရပ်တည် ဆုံးဖြတ်ချက် ကနေ သွေဖြည်သွားစရာ အကြောင်းမရှိဘူး လို့ မြင်ပါတယ်။"
ဒုတိယနေ့ ကြားနာမှုအဖြစ် ဖေဖော်ဝါရီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ဂမ်ဘီယာ ဘက်က လျှောက်လဲမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယ အကြိမ် အဖြစ် မြန်မာဘက်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လျှောက်လဲ ရဖို့ရှိပြီး ဂမ်ဘီယာဘက်ကတော့ ၂၈ ရက်နေ့မှာ အပြီးသတ် လျှောက်လဲ ရမှာ ဖြစ်ပါတယ်။
NUG က မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပြုဖို့ တရားရုံးကို တင်ပြ
အမျိုးသားညီညွတ်ရေးအစိုးရ
NUG ကလည်း မြန်မာပြည် ကိုယ်စား ပြုပြီး ကြားနာပွဲတက်ရောက်ဖို့
ဇန်နဝါရီလတုန်းက ICJ ကို စာပို ခဲ့ပေ မယ့် စာလက်ခံရရှိကြောင်း တရားရုံးက
ပြန်ကြားစာသာ ရခဲ့ တယ်လို့ ဒီမနက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့
NUG နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ NUG အနေနဲ့
မြန်မာ ဘက်က ကနဦးကန့်ကွက်ထားချက်တွေ အားလုံးကို ရုပ်သိမ်း တယ်လို့ လည်း
ကြေညာထားပြီး ဒီအမှုကို ရင်ဆိုင်ဖို့ နိုင်ငံတကာ ရှေ့နေ တွေ ပါဝင်တဲ့
ဥပဒေအဖွဲ့ကိုလည်း ခန့်အပ်ထားပြီး ဖြစ်ကြောင်း ထုတ်ပြန် ထား ပါတယ်။( BBC Myanmar)
Thursday, February 17, 2022
-
သခင်သန်းထွန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် လွန်ခဲ့သော ၆၃ နှစ် အတွင်းက ထင်ရှားခဲ့သော နိုင်ငံရေး ခေါင်းဆောင် တဦး...
-
မြန်မာနိုင်ငံတွင် ဗိုလ်ချုပ်နေဝင်းမှ ပါလီမန်ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ဖျက်သိမ်းပြီး နိုင်ငံတော်အာဏာကိုသိမ်းသည့် ၁၉၆၂ ခုနှစ်မှ ၁၉၈၈...
-
ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရအား တော်လှန်ခြင်း ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်နေဝင်းခေါင်းဆောင်သော တော်လှန်ရေးကောင...


