Saturday, May 21, 2022

တော်လှန်ရေး၌ ကျားကြီး KNU , ခြ‌င်သေ. KIA ၊ ကျားသစ် AA, သိန်းဌက် CNF/A ( Part 2)

 




CHIN လူမျိုးများသည် တော်လှန်ရေး၌ အိပ်ပျော်ပြီး အမျိုးသားရေး၌ မနိုးကြားသည်. လူမျိုးများမဟုတ်ပေ၊ မြန်မာ.တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း၊  မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနုတို.ရှေ.မှောက်၌ ဒု-ဗိုလ်မှူးကြီး ဆွန်ခိုပေါင်သည် " မြန်မာပြည်၌ ဗမာလူမျိုးမရှိမှ ငြိမ်းချမ်းမည်" ဟု အမှန်တရားကို ပန်းကန်ပြားနဲ.မဖုံး၊ အထက်လူကြီး ပြောသမျှ ဟုတ်ကဲ.ထူးသည်.ထဲမှာ ချင်းခေါင်း ဆောင်များ မပါခဲ.ကြောင်း Part(One) ၌  ဖေါ်ပြခဲ.ပြီးဖြစ်သည်။


မြန်မာ.တပ်မတော်၌ ချင်းသေနတ်ကိုင် တပ်ရင်း ၁,၂,၃,၄ ရှိခဲ.ပြီး  အမှတ်(၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင်နှုင်. Pu Hrang Nawl တို. ပူးပေါင်း ထူထောင်သည်. ချင်း-တော်လှန်ရေး ပထမလှိုင်းသည် မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကြောင်. ၁၀ နှစ်တာအတွင်း နထံမထူနိုင် မှေးမှိန်ပျောက်ကွယ် ခဲ.သော်လည်း ၈၈ အရေးတော်ပုံမီး တနိုင်ငံလုံး ဟုန်းဟုန်းတောက် လောင်ကြွမ်းသည်.အခါ ပညာတတ် ကျောင်းသားလူငယ်များဖြင်. ဖွဲ.စည်းသည်. ယခင်မြေခ ကြွေကျခဲ.သည်. ပန်းနုရောင် ချင်းတော်လှန်ရေး CNF/A  ပြန်လည်နုပျို လန်းဆန်းလာခဲ.ပြီ ဖြစ်သည်။
 

၉၀ % ခရစ်ယန် ဖြစ်သည်. ချင်းပြည်သူမှ ပေါက်ပွါးလာသည်.  CNF/A  ထဲတွင် သင်းအုပ်ဆရာ, အသင်းတော်လူကြီး သားသမီးများလည်း ပါဝင်နေသဖြင်. အရှင်လတ်လတ် လူကိုပစ်ရန် သေနပ်ခလုတ် နှိပ်ရဲသည်.သတ္တိ လူတိုင်း၌မရှိခဲ.ဘူး' ဟု စာရေးသူ ခန်.မှန်းရသည်မှာ ကမ္ဘာ.အတိမှတ်ပြုသည်. လက်နက်ကိုင် တော်လှန်ရေး အမည်ခံရုံလေး ဟန်ပြသေနတ်ကိုင်ပြီး non violent revolution လမ်းစဥ်ကို ရွေးချယ်ခဲ.ကြောင်းလည်း ဖေါ်ပြပြီးဖြစ်သည်။
 

ထိုစဥ် မြန်မာတပြည်လုံးသည် တပ်မတော်ကို အကောင်းမြင်သည်. အချိန် (တနည်း) စစ်တပ်အငြိမ်းစားတိုင်း သွပ်မိုးအိမ်၊ မြင်းနှစ်ကောင် နှုင်. နှစ်လုံးပူးသေနတ် ပိုင်ဆိုင်ပြီး ပျိုတိုင်းကြိုက်သည်. နှင်းဆီခိုင် လူနေမှု အဆင်.မြင်. ပင်စင်စားဘဝ ဖြစ်ခဲ.သဖြင်. "CNF/A သည်  သူပုန်၊ CNF/A ကြောင်. ငါတို. ရွာနာတယ်၊ အခုထွက်သွား" ဆိုသည်. ဆိုင်းဘုတ်များ ရွာလယ်လမ်းဆုံ လမ်းခွ၌ ချိတ်လျှက် CNF/A ထောက်ခံ အားပေးသူအား  စစ်တပ်မှဖမ်းဆီး၊ သတ်ဖြတ်မှုခံရကာ CNF/A  အားအင်လည်း ချိနဲလာပြီး ရှေ.ဆက်မည်. ခရီးလမ်းလည်း ကျည်းမြောင်း လာခဲ.သည်။
 

၁၉၈၈ မှ ၂၀၀၀ နှစ် ဝန်းကျင်အထိ ချင်းတော်လှန်ရေး ဒုတိယလှိုင်း ဖြစ်သည်. CNF/A  သည် ချင်းလူမျိုး အများစု၏ ရာနှုန်းပြည်. ထောက်ခံပံ.ပိုးခြင်း မရှိသည်.အခါ အစဥ်မပြေမှု ပြသနာ၊ အခက်ခဲပေါင်း သောင်းခြောက်ထောင် ရင်ဆိုင်ရင်း မလျော.သောဇွဲ၊ အရှုံးမပေးသည်. လုံ.လဖြင်. လျောက်လှမ်းရင်း 2013 ရောက်လာသည်.အခါ UN , UNPO , US, UK, EU အသိမှတ်ပြုသည်. တော်လှန်ရေးတပ် ဖြစ်လာပြီး စစ်ကောင်စီ၏ တရားဝင် လက်နက်ကိုင် အဖွဲ.စည်းဟု   လက်ခံသည်. NCA (political dialogue)  ဖိတ်ကြားခြင်းခံ အဖွဲ. ဖြစ်လာသည်။
 

အထက်ဖေါ်ပြခဲ.သည်.အတိုင်း CNF/A  လိုအပ်သည်. အသုံးစရိတ် များအား ချင်းပြည်သူထံမှ မကောက်ခံတော.ပဲ နိုင်ငံတကာ (၁၆)နိုင်ငံထဲမှ တစ်နှစ်  $150 စီ ထောက်ပံ.ရန် sep 4, 2010 တွင် Chinland Club ဖွဲ.စည်းခဲ.သော်လည်း ၆ နိုင်ငံ၌ နေထိုင်သည်. ချင်းလူမျိုးသာလျှင် ၁၀ နှစ်ကျော် ထောက်ပံ.ခဲ.ကြောင်း သိရ သည်။
 

သို.သော် စစ်ကောင်စီ၏ အာဏာသိမ်းသည်. Feb 1 ,2021 သည် ချင်းတော်လှန်ရေး ဒုတိယလှိုင်း Second wave ၏ ကံကြမ္မာ အလှည်.အပြောင်း (တနည်း) CNF/A အပေါ် နှစ်ပေါင်း ၃၀ ကျော် ချင်းပြည်သူမက်ခဲ.သမျှ နေ.ခင်းအိမ်မက်များ အကောင်ထည်ဖေါ်ရန် ရောင်ခြည်သမ်းခဲ.လေပြီ။
 

ယခင် နိုင်ငံတကာရောက် ချင်းလူမျိုး ၁၆ နိုင်ငံမှ ၆ နိုင်ငံ၏ ထောက်ခံ ပံ.ပိုးမှုဖြင်.သာ ရပ်တည်လာသည်. CNF/A အား ပြည်တွင်း ချင်းလူမျိုး+ ၁၆နိုင်ငံသို. ရောက်နေသည်. ချင်းလူမျိုးများ၏ ဝက်ဝက်ကွဲ အားပေး ထောက်ခံသည်. CNF/A  ဖြစ်လာပြီဖြစ်သည်။ ထိုအရာကို ကြည်.ခြင်း အားဖြင်. ချင်းတော်လှန်ရေး အောင်မြင်မှု လှေကားထစ် ထိပ်ဆုံးသို. ရောက်ကာ ချင်းအလံ လွှင်.ထူလုနီးပြီဟု ပြောနိုင်သည်။
 

စစ်ကောင်စီ အာဏာသိမ်းပြီး တစ်လအကြာ မတ်လမှစ၍ ပန်းနုရောင်တော်လှန်ရေး (Vauraung Dotlennak) အဖွဲ.သည်. ယနေ.အထိ မနားတမ်း အလှူများ ဆက်တိုက် ကောက်ခံလျှက်ရှိသည်။ ( Vauraung= စွယ်တော်ပန်း, Dotlennak= တော်လှန်ရေးဟု အမည်ရသည်) စွယ်တော်အမျိုးစား များစွာရှိသည်.အနက် ချင်းပြည်တွင် ပွင်.သည်. စွယ်တော်ပန်းသည် နွယ်ပင်အမျိုးစား မဟုတ်၊ ၁၀ ပေ ၁၅ ပေမှ ဧရာမ ကြီးမားသည်. အပင်ဖြစ်ပြီး အဖြူရောင် ပွင်.ဖတ်များထဲမှ ပန်းနုရောင် တစ်ဖတ် ပါဝင်ကာ နွေဦးရာသီ ပိတောက်ပန်းနှုင်. အပြိုင် ပွင်.လေ. ရှိသည်။
 

စွယ်တော်ပန်း၏ ထူးခြားသည်. နောက်အချက်မူကား အပွင်.ပွင်.ချိန်တွင် အရွက်များကြွေကျကာ တစ်တောလုံး အဖြူရောင် (သန်.ရှင်းခြင်း) ကတ္တီပါ ကော်ဇောအလယ်၌ ပန်းနုရောင်များဖြင်. ချယ်သနေသည်. ဘုရားသခင်၏ လက်ရာကို မြင်တွေ.ခံစားသည်။

No comments:

Post a Comment

LAI HOLH