Showing posts with label Burma Revolution. Show all posts
Showing posts with label Burma Revolution. Show all posts

Tuesday, February 22, 2022

ရိုဟင်ဂျာတွေကို လူမျိုးတုံး သတ်ဖြတ်မှု ပထမရက် ICJ မှာ ကြားနာ

 ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့က အပြည်ပြည် ဆိုင်ရာတရားရုံး(ICJ)မှာ မြန်မာနဲ့ ဂမ်ဘီယာတို့ရဲ့ လျှောက်လဲ တင်ပြ ချက်တွေကို နောက်ထပ် ကြားနာမှု ဒီနေ့ စတင်နေပါတယ်။

လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနီဗာပဋိညာဉ်ကို မြန်မာဘက်က ချိုးဖောက် ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲတဲ့အမှုကို NLD အစိုးရလက်ထက်တုန်းက ကနဦးကန့်ကွက်မှုတွေ ပြုလုပ်ထားတဲ့ အတွက် အဲဒီကန့်ကွက်မှုတွေနဲ့ပတ်သက်ပြီး ICJ က ကြားနာနေတာ ဖြစ်ပါတယ်။

 မြန်မာဘက်က ကိုယ်စားလှယ်အဖွဲ့

ဒီနေ့ ကြားနာမှုကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တက်ရောက်တဲ့ လူအရေအတွက် ကန့်သတ်ထားပြီး လူကိုယ်တိုင်ရော ဗီဒီယိုလင့်ခ် ကနေပါ နှစ်မျိုးစလုံးနဲ့ ကျင်းပပါတယ်။

လေးရက်တာ ကြားနာမှုမှာ ဒီနေ့ ပထမဆုံးနေ့အဖြစ် မြန်မာဘက်က သူတို့ရဲ့ ကန့်ကွက်လွှာကို လျောက်ထားရပါတယ်။ မြန်မာဘက်က ကိုယ်စားလှယ် အဖြစ် ယခင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေရာမှာ အခုအခါ စစ်ကောင်စီရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်က တာ၀န်ယူထားပြီး သူနဲ့အတူ ယူကေအခြေစိုက် ရှေ့နေအဖွဲ့က ရှေ့နေ ၃ ဦး တရားရုံးကို တက်ရောက်တာ တွေ့ရပါတယ်။ မြန်မာဘက်က ပူးတွဲကိုယ်စားလှယ် အဖြစ် ဒေါက်တာ သီတာဦးက တာဝန်ယူပါတယ်။ 

အခုကြားနာမှုမှာ သဘာပတိအဖြစ် လက်ရှိ အိုင်စီဂျေရဲ့ ဥက္ကဋ္ဌ အမေရိကန် တရားသူကြီး ဂျုန်း ဒေါ်နိုဟူးက ဆောင်ရွက်ပါတယ်။အထူးတရား သူကြီးတွေအဖြစ် အရင်ကြားနာပွဲတွေကတည်းက နိုင်ငံ အသီးသီးက တင်သွင်းခဲ့တဲ့ တရားသူကြီးတွေလည်း တက်ရောက်ကြပြီး ဂမ်ဘီယာဘက်က တောင်အာဖရိကနိုင်ငံက ဥပဒေ ပညာရှင် ဒေါက်တာ နာဗီ ပီလေးနဲ့ မြန်မာဘက်ကတော့ ဂျာမနီနိုင်ငံက ပါမောက္ခ ကလော့စ် ခရက်ဘ် ဖြစ်ပါတယ်။

 ဘယ်အချက်တွေကို မူတည်ကန့်ကွက်တာလဲ

မြန်မာဘက်က အချက် ၄ ချက်နဲ့အဓိက ကန့်ကွက်သွားမယ်လို့ ဦး ကိုကိုလှိုင်က ကြားနာမှု စစချင်းမှာ ပြောပါတယ်။မြန်မာဘက်က လိုက်ပါ ဆောင်ရွက်တဲ့ ရှေ့နေအဖွဲ့က ဒေါက်တာ ခရစ္စတိုဖာ စတိတ်ကာ တင်ပြတဲ့ ပထမဆုံးအချက်မှာတော့ ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ် နိုင်ငံများအဖွဲ့ အိုအိုင်စီ ကိုယ်စား တရားစွဲခဲ့တာ ဖြစ်လို့ ဒီလို တရားစွဲလို့ မရဘူးလို့ ထောက်ပြခဲ့ပါတယ်။

အိုင်စီဂျေကို တင်ပြတိုင်ကြားရာမှာ နိုင်ငံတစ်ခုက နောက်နိုင်ငံ တစ်ခုကိုသာ တရားစွဲဖို့ တင်ပြလို့ရတာ ဖြစ်တဲ့အတွက် နိုင်ငံတကာ အဖွဲ့အစည်း ဖြစ်တဲ့ အိုအိုင်စီက သူတို့ကိုယ်စား ဂမ်ဘီယာကို တရားစွဲ စေတာဖြစ်တယ်၊ ဒါကြောင့် တရားရုံးအနေနဲ့ အမှုကို လက်ခံ စဉ်းစားဖို့ မသင့်ဘူးလို့ တင်ပြခဲ့တာ ဖြစ်ပါတယ်။ 

 နောက်ထပ် ရှေ့နေတွေကလည်း အခု တရားစွဲဆိုမှုမှာ ဂမ်ဘီယာဟာ နစ်နာတဲ့နိုင်ငံ၊ သူ့နိုင်ငံသားတွေ ထိခိုက်ခံရလို့ တိုင်ကြားတဲ့သူမဟုတ်ဘူး။ ရိုဟင်ဂျာတွေ ထိခိုက်နစ်နာတယ်ဆိုရာမှာ ဂမ်ဘီယာက တိုက်ရိုက် ဆက်စပ်ပတ်သက်မှု မရှိတဲ့အတွက် တရားစွဲဆိုနိုင်တဲ့ အနေအထား မရှိဘူးလို့ ကန့်ကွက် တင်ပြခဲ့ပါတယ်။ တတိယ ကန့်ကွက်ချက် အနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ပဋိဉာဉ်ကို မြန်မာနိုင်ငံက လက်မှတ် ရေး ထိုးခဲ့စဉ်က ပုဒ်မ ၈ ကို ချွင်းချက် ထားခဲ့ တယ် ဆိုတာကို ထောက်ပြ ပြီး အဲဒီအတွက် မြန်မာကို ဥပဒေအရ တရားစွဲဆိုလို့ မရဘူးလို့ တင်ပြ ပါတယ်။ စတုတ္ထ ကန့်ကွက်ချက်အနေနဲ့ တရားရုံးအနေနဲ့ ဒီအမှုကို လက်ခံစဉ်းစားခွင့် မရှိဘူးဆိုတာကို ဂမ်ဘီယာနဲ့ မြန်မာကြားမှာ တိုက်ရိုက် အငြင်းပွားမှု ပြဿနာရှိမနေဘူးဆိုတဲ့ အချက်နဲ့ တင်ပြ ကန့်ကွက် သွားပါတယ်။

မြန်မာဘက်က ကန့်ကွက်မှုတွေအားလုံးဟာ ဥပဒေအကြောင်းချင်း ရာတွေကို ကိုးကားပြီး ဂမ်ဘီယာက တရားစွဲဆိုခွင့်မရှိဘူး၊ တရားရုံးက ဒီအမှုကို လက်ခံစဉ်းစားခွင့် မရှိဘူးဆိုတဲ့အချက်တွေကို အဓိက တင်ပြ သွား ခဲ့တာဖြစ်ပါတယ်။

ဂမ်ဘီယာရဲ့ မျှော်လင့်ချက်

 ဒီနေ့ ကြားနာမှုမှာ ဂမ်ဘီယာဘက်ကတော့ ကိုယ်စားလှယ်အသစ်အဖြစ် ဂမ်ဘီယာ တရားရေးဝန်ကြီး ဒေါ့ဒါ ဂျာလိုးက လူကိုယ်တိုင် တက်ရောက် ပါတယ်။ သူ့ရဲ့မျှော်လင့်ချက်နဲ့ပတ်သက်လို့ ဒေါ့ဒါ ဂျာလိုးက ကြားနာပွဲ မစခင်လေးမှာပဲ ဘီဘီစီမြန်မာပိုင်းကို အခုလို ပြောပါတယ်။

"တရားရုံးအနေနဲ့ မြန်မာဘက်က ကန့်ကွက်မှုကို ပယ်ချမယ်လို့ပဲ မျှော်လင့်ထားပါတယ်။ ဒီတရားရုံးမှာ ဆုံးဖြတ်စီရင်ပိုင်ခွင့်အာဏာ မရှိဘူး ဆိုပြီး မြန်မာဘက်က ကန့်ကွက်ထားတာပါ။ မြန်မာဘက်ကနေ အခုတစ်ကြိမ်ရော၊ ၂၀၂၀ ဇန်နဝါရီလတုန်းက ကြားဖြတ် အစီအမံချခဲ့တဲ့ ကြားနာမှုတွေမှာရော သူတို့တင်သွင်းခဲ့တဲ့ အဓိက အချက်အလက် တွေကို တရားရုံးက တညီတညွတ်တည်း လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ ဒါကြောင့် တရားရုံးအနေနဲ့ အဲဒီတုန်းက သူတို့ရပ်တည် ဆုံးဖြတ်ချက် ကနေ သွေဖြည်သွားစရာ အကြောင်းမရှိဘူး လို့ မြင်ပါတယ်။"

ဒုတိယနေ့ ကြားနာမှုအဖြစ် ဖေဖော်ဝါရီလ ၂၃ ရက် ဗုဒ္ဓဟူးနေ့မှာ ဂမ်ဘီယာ ဘက်က လျှောက်လဲမှာ ဖြစ်ပါတယ်။ အဲဒီနောက် ဒုတိယ အကြိမ် အဖြစ် မြန်မာဘက်က ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ လျှောက်လဲ ရဖို့ရှိပြီး ဂမ်ဘီယာဘက်ကတော့ ၂၈ ရက်နေ့မှာ အပြီးသတ် လျှောက်လဲ ရမှာ ဖြစ်ပါတယ်။

NUG က မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပြုဖို့ တရားရုံးကို တင်ပြ

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း မြန်မာပြည် ကိုယ်စား ပြုပြီး ကြားနာပွဲတက်ရောက်ဖို့ ဇန်နဝါရီလတုန်းက ICJ ကို စာပို ခဲ့ပေ မယ့် စာလက်ခံရရှိကြောင်း တရားရုံးက ပြန်ကြားစာသာ ရခဲ့ တယ်လို့ ဒီမနက်က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ NUG နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ NUG အနေနဲ့ မြန်မာ ဘက်က ကနဦးကန့်ကွက်ထားချက်တွေ အားလုံးကို ရုပ်သိမ်း တယ်လို့ လည်း ကြေညာထားပြီး ဒီအမှုကို ရင်ဆိုင်ဖို့ နိုင်ငံတကာ ရှေ့နေ တွေ ပါဝင်တဲ့ ဥပဒေအဖွဲ့ကိုလည်း ခန့်အပ်ထားပြီး ဖြစ်ကြောင်း ထုတ်ပြန် ထား ပါတယ်။( BBC Myanmar)

 

 

Thursday, February 10, 2022

SSPP Vs RCSS ဘာကွာသလဲ?

 

ရှမ်းပြည်နယ်က မြန်မာနိုင်ငံမှာ နယ်မြေဧရိယာ အကျယ်ဆုံး ဖြစ်ပြီး RCSS/ SSA ၊ SSPP/SSA ၊ PSLF/TNLA ၊ PNLO ၊ MNDAA ၊ MDAA ၊ KIA နဲ့ UWSA တို့ တည်ရှိ လှုပ်ရှားရာ ဒေသဖြစ်ပါတယ်။ ဒါ့အပြင် အခြားလက်နက်ကိုင် အစုအဖွဲ့ငယ်လေးတွေလည်း အများကြီးရှိပါတယ်။ 2010 မတိုင်ခင်က ရှမ်းမြောက်ပိုင်းမှာ စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲထားပြီး တောင်ပိုင်းမှာပဲ RCSS/SSA နဲ့ စစ်တပ်ကြား ပစ်ခတ်မှုတွေရှိခဲ့ပါတယ်။ 
 
၂၀၀၈ မှာ နအဖ အစိုးရက ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု၊ ပါတီစုံဒီမိုကရေစီအတွက် ခြေလှမ်းစလာပြီး ၂၀၀၉ မှာ လူမျိုးစု လက်နက် ကိုင်အဖွဲ့တွေကို ဖိအားပေးကာ နယ်ခြားစောင့်တပ် BGF အဖြစ် ကူးပြောင်းစေခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ ရှမ်းပြည်မှာ စစ်တပ်နဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေပြန်စပြင်းထန် ခဲ့ပါတယ်။ 
 
၂၀၁၁ မှာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေး အတွက် ဦးသိန်းစိန်အစိုးရက EAO များနဲ့ တဖွဲ့ချင်းဖိတ်ခေါ်ဆွေးနွေးမှုများရှိခဲ့ပြီး ၂၀၁၃ မှာတော့ NCA ကို ရှမ်းပြည်နယ်မှ လူမျိုးစု လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ PNLO နဲ့ RCSS/SSA အပါအဝင် ၈ဖွဲ့နဲ့ လက်မှတ်ထိုးခဲ့ပါတယ်။ 
 
လက်မှတ်ထိုးထားပေမယ့် RCSS/SSA နဲ့အပစ်ခတ်ရပ်မသွားသလို UWSA နဲ့ NDAA တို့မှအပ တခြားပြည်နယ်တွင်း EAO များနဲ့ တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ ဒီစာစုမှာတော့ SSPP နဲ့ RCSS အကြောင်းကို အဓိက ဖော်ပြသွားမှာဖြစ်ပါတယ်။ 
 
-ရှမ်းလူမျိုးတို့ရဲ့ လက်နက်ကိုင်ခြင်းအစ-
ကိုနီလိုခေတ်က ဗြိတိသျှအင်ပါယာရဲ့ တောင်တန်းပြည်မ ခွဲခြား အုပ်ချုပ်မှု အောက်မှာ ရှမ်းတောင်တန်းဒေသက ရှမ်းစော်ဘွားများရဲ့ စီမံခန့်ခွဲအုပ်ချုပ်အောက်မှာပဲ ရှိခဲ့ပါတယ်။ 1947 ဖေဖော်ဝါရီလ 12 ရက်နေ့ ဒုတိယအကြိမ်ပင်လုံညီလာခံ ကနေ တောင်တန်းပြည်ပ လွတ်လပ်ရေးပူးပေါင်းရယူဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ 
 
ရှမ်း၊ကချင်၊ချင်း၊ကရင်နီ နဲ့ ဗမာ တို့ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုး ခဲ့ကြပေမယ့် 1948 လွတ်လပ်ရေး ရပြီးနောက်ပိုင်းမှာ ကိုယ်ပိုင် ပြဌာန်းခွင့်နဲ့ တန်းတူညီမျှရေးတို့ကို ရရှိခဲ့ခြင်းမရှိပါဘူး။ ရှမ်းလူမျိုး ခေါင်းဆောင်ဖြစ်တဲ့ စော်ဘွားကြီးစဝ်ရွှေသိုက်ကိုတော့ နိုင်ငံတော် သမ္မတရာထူး ပေးအပ်ခဲ့ပါတယ်။အဲဒီကာလတုန်းက ဖြစ်ပွားနေတဲ့ နယ်မြေ ပဋိပက္ခတွေကြောင့် ဦးနုအစိုးရက ကိုင်တွယ် ဖြေရှင်းဖို့ ကြိုးစား ရင်း ရှမ်း​​ပြည်နယ်က စစ်ဒဏ်ခံရပြီး ဒေသခံတွေလည်း ဒုက္ခ ရောက်ခဲ့ ကြရပါတယ်။
 
 နယ်မြေမအေးချမ်းမှုနဲ့ အစိုးရရဲ့ အရည်အချင်းမပြည့်ဝမှုတွေကြောင့် ရှမ်းပြည်သူများ ကြားညှပ်ခဲ့ရပြီး အစိုးရတပ်ဖွဲ့ရဲ့ ပြည်သူအပေါ် ကောင်းစွာ မဆက်ဆံကြောင်း အစီရင်ခံစာများအရ သိရှိခဲ့ရပါတယ်။ 
 
1952 မှာအစိုးရက ကျူးကျော်သူတွေကို နှိမ်နင်းဖို့ အကြောင်းပြကာ ရှမ်းပြည် တောင်ပိုင်းဒေသတချို့ကို စစ်အုပ်ချုပ်ရေး ကြေငြာခဲ့ပြီး စော်ဘွား တို့ရဲ့ အုပ်ချုပ်ခွင့်ကို ထိပါးလာခဲ့ပါတယ်။ ဒီအတွက် ကူမင်တန် တွေရဲ့ ကျူး​ကျော်မှုနဲ့ ပြည်မအစိုးရရဲ့ အုပ်ချုပ်ရေး ဝင်ရောက် စွက်ဖက်မှု တွေကိုတွန်းလှန်ဖို့ ရှမ်းအမျိုးသားရေး စိတ်ဓာတ် နိုးကြားလာခဲ့တယ်။ 
 
1956 မှာ ရှမ်းလူမျိုးတို့က ဖက်ဒရယ်အ​ရေးနဲ့ ခွဲထွက်ခွင့် အတွက်စဥ်းစား လာတဲ့အခါ အစိုးရက အမျိုးသားရေးလှုပ်ရှားမှုတွေကို အင်အားသုံး ဖိနှိပ် မှုတွေရှိခဲ့ပါတယ်။ 1958 ရှမ်းပြည်နယ်မှာ စော်ဘွား များအုပ်ချုပ်တဲ့ စနစ် ဖျက်သိမ်းခံရအပြီး အာဏာစွန့်ရတဲ့အခါ ရှမ်း စော်ဘွားတို့ရဲ့ အကူ အညီနဲ့ အတူ ရှမ်းလူမျိုးတို့ရဲ့ လက်နက်ကိုင် တော်လှန်ရေးက ကျေးလက် ဒေသ တွေမှာ အစပြုခဲ့ပြီး အစိုးရကို ပုန်ကန်တောခိုတဲ့ နွမ်စစ်ဟန်အမည်ရှိ လူငယ် အဖွဲ့က အစောဆုံးဖြစ်ခဲ့ပါတယ်။
 
အဲ့ဒီ​နောက် သဘောထားကွဲကြရာက 1960 ကစပြီး Shan State Indepen-dence Army (SSIA) ၊ Shan National United Front (SNUF) ၊ Anti-Socia-list United Army (ASUA) ၊ Shan National Army (SNA) ၊ Shan National Independence Army (SNIA) တို့အသီးသီးပေါ်ပေါက် လာခဲ့ တယ်။
 
-ရှမ်းပြည်တပ်မတော်နှင့် အဖွဲ့ကွဲထွက်မှု-
1964 မှာ ကိုးကန့်လက်နက်ကိုင်တပ်အပါအဝင် SNUF နဲ့  SSIA ပူးပေါင်း ​ပြီး ညောင်ရွှေစော်ဘွားကြီးစဝ်ရွှေသိုက်ရဲ့ အမျိုးသမီးဖြစ်သူ မဟာဒေဝီရဲ့ ဦးဆောင်မှုနဲ့ ရှမ်းပြည်တပ်မတော် Shan State Army (SSA) ကို ဖွဲ့စည်းခဲ့ပါတယ်။ SSA က အစိုးရ စစ်တပ်နဲ့ ပစ်ခတ်တိုက်ခိုက်မှု တွေရှိနေခဲ့ပြီး ရှမ်းပြည် အရှေ့မြောက်ပိုင်းရှိ ဗမာပြည်ကွန်မြူနစ်ပါတီ (Communist Party of Burma-CPB) ဆီကနေ စစ်သင်တန်းနဲ့ လက်နက်အကူအညီရရှိခဲ့ကြတယ်။
 
1971 မှာတော့ SSA ရဲ့ ကနဦးလက်နက်ကိုင်လမ်းစဥ်ရည်ရွယ်ချက်နဲ့ နိုင်ငံရေးဦးဆောင်မှုပေးနိုင်ဖို့ ရှမ်းပြည်တိုးတက်ရေးပါတီ Shan State Progress Party (SSPP) ကိုဖွဲ့စည်းခဲ့တယ်။ 1973 မှာ ရှမ်း​ပြည်မြောက် ပိုင်းရှိ တပ်ဖွဲ့က ဗကပနဲ့ ပူးပေါင်းခြင်းအပေါ် တောင်ပိုင်း တပ်ဖွဲ့ က သဘောထားကွဲလွဲမှုကြောင့် SSA ကနေ Shan State Army-North (SSAN)နဲ့ Shan State Army-South (SSAS)တို့ ကွဲထွက်လာခဲ့ပါတယ်။
 
-SSPP/SSA-
1960 မှာ Shan State Independence Army (SSIA) ကိုစတင် တည် ထောင်ခဲ့ပြီး 1964 မှာ SSA အနေနဲ့ ဖြစ်လာခဲ့ပါတယ်။ အဲ့ကနေ 1971 ရောက်တဲ့ အခါ Shan State Progress Party ကိုဖွဲ့စည်းခဲ့ပါတယ်။ လက်ရှိမှာ အင်အား ၈၀၀၀ကျော်ခန့်ရှိပြီး သီပေါ၊ကျောက်မဲ၊လားရှိုး စတဲ့ နေရာတွေမှာ လှုပ်ရှားလေ့ရှိပါတယ်။ 
 
ဗမာပြည်ကွန်မြူနစ်ပါတီ 1989 မှာမပြိုကွဲခင်အထိ CPB ဆီကနေ စစ်သင်တန်း လက်နက်အကူအညီများ ရယူခဲ့ပါတယ်။ ဗကပနဲ့ ပူးပေါင်းခဲ့လို့လည်း SSA ထဲမှာ သဘောထားကွဲလွဲမှုတွေဖြစ်ခဲ့တယ်။ SSPP က နဝတ အစိုးရလက်ထက် 1989 အပစ်ခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့​ပြီး SSPP ထိန်းချုပ်ရာနယ်မြေ ရှပ်းပြည်မြောက်ပိုင်း ဒေသတွေကို ရှမ်းပြည်နယ်အထူးဒေသ ၃ အဖြစ်သတ်မှတ်ပေးခဲ့တယ်။ 
 
2009 ခုနှစ် စစ်တပ်က လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းများကို နယ်ခြား စောင့်တပ်အဖြစ် ဖိအား​ပေးကူးပြောင်းစေတဲ့အခါမှာ SSPP ရဲ့ တပ်မဟာ ၃ နဲ့ တပ်မဟာ ၇ က ပြည်သူ့စစ်အဖြစ် ကူးပြောင်းခဲ့ပါတယ်။ ဗိုလ်မှုးကြီး စဝ်ပန်ဖ ဦးဆောင်တဲ့ တပ်မဟာ ၁ကတော့ ငြင်းဆန်ခဲ့ပြီး SSPP/SSA ကို ပြန်လည်ဖွဲ့စည်းရပ်တည်ခဲ့ပါတယ်။ သို့ပေမယ့် တပ်မဟာ ၃ နဲ့ ၇ က ပြည်သူ့စစ်ဖွဲ့သွားတဲ့အတွက် ပြန်လည်တည်ထောင်တဲ့ SSPP ဟာ အင်အားနည်းနေခဲ့တယ်။
 
ဦးသိန်းစိန်အစိုးရလက်ထက် 2012 မှာ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်ရေးထိုး ခဲ့သော်လည်း NCA ကို လက်မှတ် မထိုးခဲ့ပါဘူး။ 2011 မှာ ဖွဲ့စည်းတဲ့ United Nationalities Federal Council (UNFC) မှာပါဝင်ပြီး 2017 မှာဖွဲ့စည်းခဲ့တဲ့ Federal Political Negotiation and Consultative Committee (FPNCC) မှာလည်းအပါအဝင်ဖြစ်ပါတယ်။ 2019 May လမှာတော့ RCSS/SSA နဲ့အတူ နှစ်ဖက်အပစ်အခတ် ရပ်စဲရေးကြောင်း ပူးတွဲကြေငြာချက် ထုတ်ပြန် ထားပါတယ်။
 
-MTA -
ဘိန်းဘုရင်ခွန်ဆာဟာ မူလက တန့်ယန်းမြို့နယ်၊ လွယ်မော်ကာကွယ်ရေး ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပေမယ့် ၁၉၆၉ မှာ အစိုးရကို ပုန်ကန်ရင်း နောက် လိုက်တွေနဲ့ Shan United Army (SUA) ကိုဖွဲ့စည်းခဲ့တယ်။ SUA ဖွဲ့စည်းပြီးနောက်ပိုင်းမှာ ခွန်ဆာရဲ့ ဘိန်းလုပ်ငန်းဟာ ပိုတွင် ကျယ်လာ ခဲ့တယ်။ 
 
ခွန်ဆာရဲ့ SUA ဟာ ၁၉၈၅ မှာ Tai Revolutionary Army (TRA) နဲ့ပေါင်းပြီး Mong Tai Army (MTA) ကိုဖွဲ့စည်းခဲ့ကြတယ်။ (TRA ဟာ မဟာဒေဝီဦးဆောင်တဲ့ SSA ကနေ ခွဲထွက်ခဲ့တဲ့ Shan United Revolutionary Army- SURA နဲ့ SSPP/SSA တောင်ပိုင်းက ဗိုလ်မှူးကြီး စမ်းမိုင်ရဲ့ တပ်ရင်းတို့ စုပေါင်းထားတဲ့ အဖွဲ့ဖြစ်တယ်။)
 
-RCSS -
ခွန်ဆာရဲ့ MTA တပ်စုဟာ ရွှေတြိဂံနယ်မြေမှာ လှုပ်ရှားမှုတွေ အများကြီး ရှိခဲ့တယ်။ ဒီနေရာမှာတော့ လက်ရှိရှမ်းပြည်မှာ ရှိနေတဲ့ အင်အားကြီး ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အကြောင်းကိုပဲ ဖော်ပြဖို့ရည်ရွယ်တဲ့အတွက် ခွန်ဆာအကြောင်းကို အသေးစိတ်မဖော်ပြ တော့ပါဘူး။ 
 
အကြောင်းအမျိုးမျိုးကြောင့် ၁၉၉၆ မှာ ခွန်ဆာရဲ့ MTA ဟာ နဝတ အစိုးရဆီ လက်နက်ချခဲ့တယ်။ ဒီလိုလက်နက်ချတာကို လက်မခံတဲ့ ဗိုလ်ချုပ်ရွက်ဆစ်ဦးဆောင်တဲ့ လူအင်အား ၃၀၀ခန့်နဲ့ အဖွဲ့ဟာ သံလွင်မြစ်အနောက်ခြမ်းမှာ တပ်စွဲပြီး ယခင် SURA အဖြစ်ပြန်လည် ခံယူကာ Shan State Army South (SSAS) ကိုပြန်လည်ဖွဲ့စည်းခဲ့တယ်။ 
 
အဆိုပါအဖွဲ့အား ၁၉၉၆-၁၉၉၈ အတွင်းမှာ အစိုးရက အပြင်းအထန် ထိုးစစ်ဆင်ခဲ့တယ်။ ၁၉၉၈ နှစ်ကုန်မှာ ထိုင်းနယ်စပ်ကို ကူးပြောင်း အခြေစိုက်ခဲ့တယ်။ အဲ့အချိန်မှာ MTA လက်နက်ချတာကို မလိုလား သူများနဲ့ အခြားသူများက ဗိုလ်ချုပ်ရွက်စစ်ရဲ့ တပ်နဲ့ ပူးပေါင်း တာတွေရှိလာခဲ့တယ်။
 
တစ်ဖက်မှာ ၁၉၉၅ ခုနှစ်က SURA ကတစ်ဆင့် ခွဲထွက်ခဲ့တဲ့ Shan State National Army (SSNA) ဟာ ၂၀၀၄ ခုနှစ်မှာ ခေါင်းဆောင် အပြောင်းအလဲဖြစ်ခဲ့တယ်။ ၂၀၀၅ ခုနှစ်မှာတော့ နအဖစစ် ခေါင်းဆောင် တွေက SSNA ကို လက်နက်စွန့်ဖို့ ဖိအားပေးခဲ့တယ်။ အဲ့အခါမှာ SSAS အဖြစ် ဖွဲ့စည်းထားတဲ့ ဗိုလ်ချုပ်ရွက်စစ်ရဲ့ တပ်နဲ့ SSNA တို့ပူးပေါင်းပြီး Restoration Council of Shan State/ Shan State Army (RCSS/SSA) ကိုဖွဲ့စည်းလိုက်ကြတယ်။ 
 
RCSS ဟာ ရှမ်းပြည်အရှေ့ဘက်ခြမ်းမှာ ရှမ်းလူထုရဲ့ ထောက်ခံမှုကို အထိုက်အလျောက်ရတဲ့ အဖွဲ့ဖြစ်တယ်။ ၂၀၁၂ ခုနှစ်မှာ နအဖအစိုးရနဲ့ Bilateral ရေးထိုးခဲ့ပြီး ၂၀၁၃ မှာ Committee of Shan State Union (CSSU) ကို RCSS က ကမကထပြုဖွဲ့စည်းခဲ့ရာ RCSSနဲ့ SSPP အပြင် မြို့ပေါ်ရှမ်းပါတီတွေဖြစ်တဲ့ SNLD (ကျားခေါင်း)၊ SNDP (ကျားဖြူ) နဲ့ ရှမ်းအရပ်ဘက်အဖွဲ့အစည်းတချို့ပါဝင်ခဲ့တယ်။ 
 
RCSS ဟာ ၂၀၁၅ မှာ NCA ထိုးခဲ့ပြီး NCA လက်မှတ်ထိုးတဲ့ အဖွဲ့ အစည်း တွေထဲမှာ RCSS နဲ့ KNU ဟာ အဓိက အင်အားကြီး အဖွဲ့အစည်း များအဖြစ် ယူဆခံခဲ့ရတယ်။ ၂၀၂၁ အာဏာသိမ်းမှု နောက်ပိုင်းမှာ RCSS က စစ်ကောင်စီကို RCSS အနေနဲ့ သော် လည်း ကောင်း၊ NCA ထိုးထားတဲ့ အဖွဲ့တွေစုဖွဲ့ထားသော PPST အဖွဲ့ဝင်အဖြစ်နဲ့ လည်းကောင်း ရှုတ်ချမှုတွေလုပ်ခဲ့တယ်။ ဗိုလ်ချုပ် ရွက်စစ် ကိုယ်တိုင် ကလည်း ဖွင့်ပွဲအချို့မှာ မိန့်ခွန်းပြောခဲ့ပြီး Federal Army စုဖွဲ့ဖို့ကိုတော့ FPNCC အဖွဲ့တွေပါမှ ဖွဲ့လို့ရမယ်လို့ အင်တာ ဗျူးတစ်ခုမှာ ဖြေခဲ့ဖူးပါတယ်။
 
သို့ပေမယ့် ဒီအာဏာသိမ်းမှုနောက်ပိုင်းမှာ RCSS နဲ့ ရှမ်းလူထုကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိတာကိုလည်း တွေ့လာရပါတယ်။ ၂၀၂၁ မေလ အစောပိုင်းက ရှမ်းပြည်မှာ ဖြစ်ခဲ့တဲ့ ရွာလုံးကျွတ် မီးလောင်မှု အချို့ကို RCSS ကိုယ်တိုင်က ရှို့တယ်ဆိုတဲ့ ရေးသားမှုမျိုးတွေ တွေ့လာ ရပါတယ်။ (confirm ဖြစ်တယ်လို့တော့ သေချာပေါက် ပြောလို့ မရပါဘူး။)
 
လက်ရှိ RCSS လက်အောက်မှာ တပ်မဟာ ၁၀ ခုရှိပြီး အင်အား ၁၂၀၀၀ မှ ၁၅၀၀၀ ခန့်ရှိတယ်လို့သိရပါတယ်။ RCSS ဟာ ရှမ်းတောင်အဖွဲ့ ဖြစ်ပေမယ့် ရှမ်းမြောက်မှာလည်း အင်အား ၄၀၀၀ ခန့်ကို တပ်ဖြန့် ထားပါတယ်။
 
-RCSS နဲ့ SSPP ဘာကြောင့်တိုက်နေသလဲ?-ရှမ်းပြည် မြောက်ပိုင်းမှာ ဖြစ်နေတဲ့စစ်တွေက အဓိက ၃ ဖွဲ့ကြားမှာဖြစ်တယ်လို့ပြောလို့ရပါတယ်။ RCSS နဲ့ SSPP အပြင် TNLA(တအန်း) လည်း ပါဝင်ပါတယ်။ 
 
အဓိကအားဖြင့်တော့ နယ်မြေလုတာတွေကြောင့် စစ်ဖြစ်နေကြတာ ဖြစ်ပြီး နောက်ခံ background အရကြည့်မယ်ဆိုရင် SSPP က ဗကပနဲ့ ပိုနွယ်ခဲ့တာဖြစ်တဲ့အတွက် တရုတ်နဲ့ ပိုနီးစပ်ပြီး RCSS ကတော့ NCA ထိုးတာ၊ အစိုးရနဲ့ ရင်ကြားစေ့တာတွေလုပ်ပြီး US နဲ့ အနောက်အုပ်စုကို ပိုအားသာတဲ့သဘောတွေ့ရပါတယ်။ 
 
RCSS၊ SSPP နဲ့ TNLA ကြားက စစ်ပွဲတွေက 'နယ်မြေလုကြတာ' ဆိုတာထက် ရှုပ်ထွေးတဲ့ နောက်ခံ အကြောင်းအရင်းတွေရှိနေပြီး နဝတ/ နအဖ လက်ထက်က စစ်တပ်ရဲ့ ရှမ်းအဖွဲ့အစည်းအချင်းချင်းကြား သပ်လျှို သွေးခွဲမှုတွေကြောင့်လည်း ပါပါတယ်။
 
 SSPP က UWSA နဲ့ ဆက်ဆံရေးကောင်းမွန်ပြီး တဖက်မှာလည်း UWSA အနေနဲ့ စစ်တပ်နဲ့ပေါင်းပြီး RCSS ကိုတိုက်ခိုက်တာရှိခဲ့ပါတယ်။ UWSA နဲ့ RCSS မသင့်မြတ်ကြတာကြောင့် ဝ နဲ့ မဟာမိတ်ဆက်ဆံရေးရှိတဲ့ SSPP အနေနဲ့လည်း RCSS နဲ့တိုက်ပွဲများဖြစ်ရတယ် လို့လည်းသိရ ပါတယ်။ 
 
လက်ရှိမှာလည်း မေလ ၇ ရက်နေ့က RCSS နဲ့ SSPP ကြားမှာဖြစ်တဲ့ စစ်ပွဲကြောင့် နောင်ချို၊ ကုလားကွဲရွာမှာ ရွာခံ ၃၀၀ ခန့် ထွက်ပြေး စစ်ရှောင်နေရပါတယ်။ အလားတူ စစ်ရှောင်များက သီပေါ မြို့မှာ လည်း ရှိ နေပါတယ်။ RCSS နဲ့ SSPP ညီညွတ်ရေးအတွက် ရှမ်းလူထုက ဆန္ဒ ထုတ်ဖော်မှုတွေ လည်းရှိ နေပါတယ်။
 
-အာဏာသိမ်းမှု၊ RCSS နဲ့ SSPPကြားက ရှမ်းပြည်-
အခုအချိန်မှာ ရှမ်းပြည်မှာဖြစ်တဲ့စစ်ပွဲတွေက စစ်ကောင်စီနဲ့ဖြစ်တာထက် RCSSနဲ့ SSPP ကြားမှာ ဖြစ်တာပိုများနေပါတယ်။ အထက်မှာ ပြောခဲ့ သလိုပဲ ရှမ်းလူထုကလည်း RCSS နဲ့ SSPP ပူးပေါင်းဖို့ ဆန္ဒ ထုတ်ဖော် တာတွေရှိပါတယ်။ 
 
ထူးခြားတာကတော့ NUG မှာ ရှမ်းလူမျိုး ကိုယ်စားလှယ် ပါဝင်တာ မတွေ့ရသလို ရှုပ်ထွေးနေတဲ့ ရှမ်းပြည်ကိစ္စနဲ့ ပတ်သက်ပြီး တော့လည်း NUG/CRPH က ဘယ်လိုပုံစံနဲ့သွားမယ်ဆိုပြီး policy မူဝါဒဆန်တဲ့ ထုတ်ပြန်မှုတွေ၊ ပြောကြားမှုတွေ မတွေ့ရပါဘူး။ People Defense Force (PDF) အောက်ကနေ ပြည်နယ်အသီးသီးက သက်ဆိုင်ရာ Defense Force တွေဖွဲ့နေချိန်မှာ Shan Defense Force ဆိုတာ မျိုးကိုလည်း မတွေ့ရသေးပါဘူး။ NUG/CRPH က ရှမ်းပြည်နဲ့ ပတ်သက် ရင် ခြေတစ်လှမ်းနောက်ကျနေတယ်လို့ ထောက်ပြချင်တာပါ။ 
 
ရွမ်းပြည်ရဲ့ အရှုပ်အထွေးက RCSS နဲ့ SSPP တင်မဟုတ်ဘဲ အခြား အဖွဲ့အစည်းတွေ အများကြီးနဲ့ ပြန့်ကျဲနေတဲ့ အပိုင်းအစလေး တွေလို ဖြစ်နေ တာကြောင့် နောက်အဖွဲ့တွေကိုတော့ နောက် article တစ်ခုနဲ့ ထပ်ဖော် ပြပါမယ်။ ရှုပ်ထွေးနေတဲ့ ရှမ်းပြည်အခြေအနေဟာ ရင်လေး စရာပါပဲ ဆိုတာကိုတော့ ဒီ၂ ဖွဲ့အကြောင်းနဲ့တင် သိနိုင်ပါတယ်။
References:
Mg Mg Soe, RCSS/SSA ရှမ်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (Online.) Available at: https://www.facebook.com/100004587841844/posts/1921594861336757/?d=n. (Accessed: May 9, 2021)

Tuesday, February 1, 2022

သခင်သန်းထွန်း (အလံဖြူ ကွန်မြူ နစ်ပါတီ)

သခင်သန်းထွန်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးလှုပ်ရှားမှုသမိုင်းတွင် လွန်ခဲ့သော ၆၃ နှစ် အတွင်းက ထင်ရှားခဲ့သော နိုင်ငံရေး ခေါင်းဆောင် တဦး ဖြစ်ခဲ့ပေသည်။ အထူးသဖြင့် လွန်ခဲ့သော ၅၄ နှစ်အတွင်းတွင် သခင် သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ခေါင်းဆောင်ကြီး တဦး အဖြစ် ထင်ပေါ် ကျော်ကြားခဲ့လေသည်။ 

 
သခင်သန်းထွန်း၏နာမည်ကို ဗမာပြည်ကွန်မြူနစ် လောကတွင်သာမက ကမ္ဘာ့ကွန်မြူနစ်လောကတွင်လည်း ထင်ရှားခဲ့သည်။ သခင် သန်းထွန်း သည် နိုင်ငံရေးအစဉ်အလာ ကြီးမားခဲ့သူဖြစ်သည်။ မြန်မာ့တော်လှန်ရေး သမိုင်းအဆက်ဆက်တွင်လည်း သခင်သန်းထွန်းသည် ရှေ့တန်းက ပါဝင် ခဲ့သည်သာ များသည်။ 
 
တို့ဗမာအစည်းအရုံးခေါင်းဆောင်အဖြစ် ၁၃၀၀ ပြည့် ရေနံမြေ အလုပ် သမားအရေးနှင့် ကျောင်းသားအရေးတော်ပုံတို့တွင် တက်ကြွစွာ ပါဝင်လှုပ်ရှားခဲ့သလို တောင်သူလယ်သမားတို့၏ အရေးကိုလည်း ရှေ့ဆောင် လုံးပမ်းခဲ့သည်။ ထို့အပြင် ဗမာ့လွတ်လပ်ရေးတိုက်ပွဲတွင် ရှေ့တန်းမှ ပါဝင်ခဲ့သလို ဖက်ဆစ်ဂျပန် တော်လှန်ရေး ပျောက်ကျား စစ်တွင်လည်း ဦးစီးခဲ့သူတဦး ဖြစ်သည်။ 
 
ထူးချွန်ထက်မြတ်၍ နိုင်ငံရေးသမိုင်းအစဉ်အလာ ကြီးမားခဲ့သော သခင် သန်းထွန်းကို ၁၉၁၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့တွင် တောင်ငူခရိုင် ကညွတ်ကွင်းမြို့၌ အဖ ဦးဘိုးမောင်၊ အမိ ဒေါ်အေးကြူ တို့မှ ဖွားမြင် ခဲ့သည်။ မွေးချင်း ၆ ဦးအနက် တတိယမြောက် ဖြစ်သည်။ 
 
လိုနီခေတ် မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှု ကာလ ၁၉၃၈ ခုနှစ် အောက်တိုဘာလတွင် သခင်သန်းထွန်းသည် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက် ၁၉၃၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့တွင် သခင်နု၊ ဦးထွန်းအေး၊ ဦးအုန်းခင်တို့နှင့်အတူ နဂါးနီစာအုပ်အသင်း တည်ထောင်ရာတွင် ပါဝင်ခဲ့သည်။ ထို့နောက် တို့ဗမာ အစည်း အရုံးတွင်လည်း လယ်ယာစိုက်ပျိုးရေးဆိုင်ရာ တာဝန်ခံ အမှုဆောင် အဖြစ်လည်းကောင်း၊ အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန် ယူကာ ဆက်လက် ပါဝင်လှုပ်ရှားခဲ့ပေသည်။ 
 
၁၉၄၀ ပြည့်နှစ် မတ်လ ၂၉ ရက်နေ့တွင် အိန္ဒိယနိုင်ငံ ရမ်းဂါးမြို့ (Ramgarh) ၌ကျင်းပသည့် အိန္ဒိယ ကွန်ဂရက်ပါတီညီလာခံသို့ တို့ဗမာ အစည်းရုံး၏ ကိုယ်စားလှယ်အဖြစ် သခင်အောင်ဆန်း၊ သခင်တင်အောင်၊ သခင်အုန်းမြင့် (တိုးတက်ရေး) ကိုထွန်းရှိန်၊ ကိုဗဟိန်း၊ သခင် ဆင်ဂူပတားတို့နှင့်အတူ တက်ရောက်ခဲ့သည်။ 
 
ထိုအချိန်တွင် မြန်မာပြည်သို့ ရောက်ရှိလာသော မာ့က်စ်ဝါဒ စာအုပ် များကို ဖတ်ရှုကာ ကွန်မြူနစ်ဝါဒကို စိတ်ဝင်စားခဲ့သည်။ ယင်းနောက် ဗမာပြည် ကွန်မြူ နစ်ပါတီ၌ ပါဝင်လှုပ်ရှားခဲ့သည်။ ၁၉၄၀ ပြည့်နှစ်မှ ၁၉၄၂ ခုနှစ်တွင်းတွင် သခင်သန်းထွန်းသည် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှား မှု များကြောင့် ထောင်ကျခဲ့လေသည်။ 
 
၁၉၄၅ ဇူလိုင်လတွင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ ဒုတိယကွန်ဂရက်ကို ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ သခင်သန်းထွန်းသည် ဗဟို ကောင်မတီဝင် အဖြစ် သခင် ဗဟိန်း၊ သခင်သန်းဖေ၊ သခင်တင်ထွန်၊ သခင် သန်းမြိုင်၊ သခင်မြသွင်၊ သခင်ဇင်၊ ဗိုလ်ကျော်ဇော (ရဲဘော် သုံးကျိပ်) တို့နှင့် အတူ ဖြစ်လာခဲ့သည်။ 
 
ထိုစဉ်က ပါတီအထွေထွေအတွင်းရေးမှူးမှာ သခင်သိန်းဖေ (သိန်းဖေမြင့်) ဖြစ်သည်။ ထို့နောက် သခင်သန်းထွန်းသည် ဗမာပြည်ကွန်မြူနစ်ပါတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။ ၁၉၄၆ ခုနှစ်တွင် ဖဆပလအဖွဲ့၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။ ၁၉၄၆ အောက်တိုဘာလ ၁၀ ရက်နေ့တွင် သခင်သန်းထွန်း ဦးဆောင် သည့် ဗမာ ပြည် ကွန်မြူနစ်ပါတီသည် ဖဆပလအဖွဲ့ချုပ်မှ ထုတ်ပယ်ခြင်း ခံရ လေ သည်။ 
 
၁၉၄၈ မတ်လ ၂၈ ရက်နေ့ နံနက် ၂ နာရီတွင် ဖဆပလ အစိုးရက တနိုင်ငံလုံး၏ ကွန်မြူနစ်များကို ဖမ်းဆီးရန် အမိန့်ထုတ်ခဲ့ရာ သခင် သန်းထွန်းသည် အစိုးရကို တော်လှန်ပုန်ကန်ကာ ဗမာပြည် ကွန်မြူ နစ် ပါတီ တောတွင်းလျှို့ဝှက် အမည်မှာ (ဦးသာဒင်)ဦးဆောင်၍ တောခို ခဲ့သည်။ 
 
သခင် ဗသိန်းတင်၊ ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်)၊ သခင်သန်းမြိုင်၊ သခင်ချစ်၊ သခင်တင်ထွန်း၊ ဗိုလ်ရဲထွဋ် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်စိန်တင်၊ ဗိုလ်စိုးမောင် တို့ကို ဒုတိယ ဗိုလ်ချုပ်ကြီးများအဖြစ် ခန့်အပ်ခဲ့သည်။ ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်)နှင့် ဗိုလ်အောင်မင်းတို့ကိုမူ ဗိုလ်ချုပ် အဆင့်များ ခန့်အပ်ခဲ့သည်။
 
  'ဥက္ကဋ္ဌနေရာက ဆင်းပေးပါ” ဤတောင်း ဆိုမှုကို ကို တုတ်၊ ကိုစိုးသန်း၊ တုတ်၊ ကိုစိုးသန်း၊ တုတ်၊ ကိုစိုးသန်း၊ သခင် ဖေတင့်နှင့်အဖွဲ့က သခင် ဖေတင့်နှင့် အဖွဲ့က သခင်ဖေတင့်နှင့် အဖွဲ့က  တောင်းဆို ခဲ့လေသည်။မဲခွဲ ဆုံးဖြတ်သောအခါ မဲခွဲဆုံးဖြတ်သောအခါ မဲခွဲဆုံးဖြတ်သောအခါ သခင် သန်းထွန်းသည် ဥက္ကဋ္ဌတာဝန်မှ ဆင်းပေးရေး အဆိုသည် ရှုံးနိမ့် သွားသောကြောင့် ဥက္ကဋ္ဌအဖြစ် သခင်သန်းထွန်း သည် နှစ်ပေါင်း  ၂၀ ကျော်အထိ တာဝန်ယူခဲ့လေသည်။ 
 
သို့ဖြစ် ၁၉၆၇ ဇွန်လ ၁၈ ရက်နေ့တွင် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ရဲဘော်ဌေးနှင့် ရက်နေ့တွင် ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ရဲဘော်ဌေး နှင့် ဗကပ ပေါလစ် ဗြူရိုအဖွဲ့ဝင် ရဲဘော် ဘတင် (ဂိုရှယ်) တို့ကို သခင် သန်းထွန်း၏ အမိန့် ဖြင့် ရက်စက်စွာ သတ်ဖြတ် လိုက်ကြ သည်။ 
 
တဖန် ယင်းနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဗကပ ဗဟိုကောင်မတီဝင် ဗိုလ်ရန်အောင် (ရဲဘော်သုံးကျိပ်) အား သခင်သန်းထွန်း၏အမိန့်ဖြင့် ဗဟိုစခန်းမှ တပ်နီအမျိုးသမီး အမြင့် (ခ) မစန်းဝင်းက ခြေထောက်ဖြင့် လည်မျိုကိုနင်း၍ သတ်ဖြတ်ခဲ့သည်။ ယင်းနောက် ၁၉၆၈ ခု သြဂုတ် ၃၀ ရက်နေ့တွင် ပီကင်းပြန် ဗိုလ်ထွန်းငြိမ်းကို သတ်ခဲ့ပြန်သည်။ ထိုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့တွင် ဗကပမှ ကျောင်းသားခေါင်းဆောင်များ ကို သတ်ဖြတ်ခဲ့ပြန်သည်။ 
 
 ထို့နောက် ၁၉၆၈ စက်တင်ဘာလ ၂၄ ရက်နေ့ ညနေ ၅ နာရီ မိနစ် ၂၀ အချိန်တွင် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနောက်ဘက်ခြမ်း ပဲခူးရိုးမအရှေ့စောင်း ကျောက်ချောင်း ကမ်းပါးရှိ တောင်ကျော လေး ပေါ်တွင် သခင်သန်းထွန်းသည် အခင်းသွားနေစဉ် ကြုံတိတ် ခေါ် ရဲဘော်မြကြီး ဆိုသူက ရိုင်ဖယ်သေနတ်ဖြင့် အနီးကပ် ပစ်ခတ် လုပ်ကြံ သောကြောင့် သခင်သန်းထွန်း ပွဲချင်းပြီး ကျဆုံးသွား ခဲ့ရသည်။ 
 
သခင်သန်းထွန်းအား ရဲဘော်မြကြီး သေနတ်ဖြင့် လုပ်ကြံပစ်ခတ်ခဲ့ပုံကို ၁၉၆၈ ခု နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ပြည် လမ်းရှိ အသံလွင့်ရုံ၌ သတင်းစာ ရှင်းလင်းပွဲ ကျင်းပပြုလုပ်ခဲ့သည်။ ယင်းရှင်းလင်းပွဲ၌ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကောင်မတီဝင် ပဲခူး ရိုးမတိုင်း ဥက္ကဋ္ဌ ဗိုလ်မှူးမြ ခေါ် ရဲဘော်မြသည် သတင်းစာ ဆရာ များ အား အောက်ပါအတိုင်း ရှင်းလင်းပြောပြခဲ့သည်။ 
 
“လွန်ခဲ့သည့်စက်တင်ဘာ ၂၄ ရက်နေ့က မိမိတို့သည် တောင်ငူခရိုင် အုတ်တွင်းမြို့နယ် အနေက်ဘက် ရိုးမတောင်စွယ်တွင် ဗဟိုစခန်း ချခဲ့ ကြသည်။ ထိုနေ့ ညနေ ၅ နာရီကျော်ခန့်တွင် ဥက္ကဋ္ဌသခင်သန်းထွန်းသည် အခင်းကြီး စွန့်ရန် တောင်ခြေသို့ဆင်းသွားပြီး မကြာမီပင် သေနတ်သံ တချက် ကြားရသည်။ သေနတ်သံကြား၍ မိမိကလှမ်းအကြည့်တွင် လုံချည်ကို လက်နှစ်ဖက်ဖြင့် မကာ တောင်ခြေမှ ဗဟိုစခန်းပေါ်သို့ ပြေးတက်လာပြီး၊ “ဘယ်ကပစ် လိုက်တယ် မသိဘူး” ဟု တခွန်းသာ ပြောနိုင်သည်။ မိမိက သေနတ်သံ လာရာကို လိုက်ကြည့်အပြီး ပြန် အလာတွင် သေဆုံးသွားသည်။( Crd: မူရင်းရေးသားသူ)

LAI HOLH