Saturday, May 21, 2022

တော်လှန်ရေး၌ ကျားကြီး KNU , ခြ‌င်သေ. KIA ၊ ကျားသစ် AA, သိန်းဌက် CNF/A ( Part 2)

 




CHIN လူမျိုးများသည် တော်လှန်ရေး၌ အိပ်ပျော်ပြီး အမျိုးသားရေး၌ မနိုးကြားသည်. လူမျိုးများမဟုတ်ပေ၊ မြန်မာ.တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း၊  မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနုတို.ရှေ.မှောက်၌ ဒု-ဗိုလ်မှူးကြီး ဆွန်ခိုပေါင်သည် " မြန်မာပြည်၌ ဗမာလူမျိုးမရှိမှ ငြိမ်းချမ်းမည်" ဟု အမှန်တရားကို ပန်းကန်ပြားနဲ.မဖုံး၊ အထက်လူကြီး ပြောသမျှ ဟုတ်ကဲ.ထူးသည်.ထဲမှာ ချင်းခေါင်း ဆောင်များ မပါခဲ.ကြောင်း Part(One) ၌  ဖေါ်ပြခဲ.ပြီးဖြစ်သည်။


မြန်မာ.တပ်မတော်၌ ချင်းသေနတ်ကိုင် တပ်ရင်း ၁,၂,၃,၄ ရှိခဲ.ပြီး  အမှတ်(၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဆွန်ခိုပေါင်နှုင်. Pu Hrang Nawl တို. ပူးပေါင်း ထူထောင်သည်. ချင်း-တော်လှန်ရေး ပထမလှိုင်းသည် မြန်မာစစ်တပ်၏ ဖြိုခွင်းမှုကြောင်. ၁၀ နှစ်တာအတွင်း နထံမထူနိုင် မှေးမှိန်ပျောက်ကွယ် ခဲ.သော်လည်း ၈၈ အရေးတော်ပုံမီး တနိုင်ငံလုံး ဟုန်းဟုန်းတောက် လောင်ကြွမ်းသည်.အခါ ပညာတတ် ကျောင်းသားလူငယ်များဖြင်. ဖွဲ.စည်းသည်. ယခင်မြေခ ကြွေကျခဲ.သည်. ပန်းနုရောင် ချင်းတော်လှန်ရေး CNF/A  ပြန်လည်နုပျို လန်းဆန်းလာခဲ.ပြီ ဖြစ်သည်။
 

၉၀ % ခရစ်ယန် ဖြစ်သည်. ချင်းပြည်သူမှ ပေါက်ပွါးလာသည်.  CNF/A  ထဲတွင် သင်းအုပ်ဆရာ, အသင်းတော်လူကြီး သားသမီးများလည်း ပါဝင်နေသဖြင်. အရှင်လတ်လတ် လူကိုပစ်ရန် သေနပ်ခလုတ် နှိပ်ရဲသည်.သတ္တိ လူတိုင်း၌မရှိခဲ.ဘူး' ဟု စာရေးသူ ခန်.မှန်းရသည်မှာ ကမ္ဘာ.အတိမှတ်ပြုသည်. လက်နက်ကိုင် တော်လှန်ရေး အမည်ခံရုံလေး ဟန်ပြသေနတ်ကိုင်ပြီး non violent revolution လမ်းစဥ်ကို ရွေးချယ်ခဲ.ကြောင်းလည်း ဖေါ်ပြပြီးဖြစ်သည်။
 

ထိုစဥ် မြန်မာတပြည်လုံးသည် တပ်မတော်ကို အကောင်းမြင်သည်. အချိန် (တနည်း) စစ်တပ်အငြိမ်းစားတိုင်း သွပ်မိုးအိမ်၊ မြင်းနှစ်ကောင် နှုင်. နှစ်လုံးပူးသေနတ် ပိုင်ဆိုင်ပြီး ပျိုတိုင်းကြိုက်သည်. နှင်းဆီခိုင် လူနေမှု အဆင်.မြင်. ပင်စင်စားဘဝ ဖြစ်ခဲ.သဖြင်. "CNF/A သည်  သူပုန်၊ CNF/A ကြောင်. ငါတို. ရွာနာတယ်၊ အခုထွက်သွား" ဆိုသည်. ဆိုင်းဘုတ်များ ရွာလယ်လမ်းဆုံ လမ်းခွ၌ ချိတ်လျှက် CNF/A ထောက်ခံ အားပေးသူအား  စစ်တပ်မှဖမ်းဆီး၊ သတ်ဖြတ်မှုခံရကာ CNF/A  အားအင်လည်း ချိနဲလာပြီး ရှေ.ဆက်မည်. ခရီးလမ်းလည်း ကျည်းမြောင်း လာခဲ.သည်။
 

၁၉၈၈ မှ ၂၀၀၀ နှစ် ဝန်းကျင်အထိ ချင်းတော်လှန်ရေး ဒုတိယလှိုင်း ဖြစ်သည်. CNF/A  သည် ချင်းလူမျိုး အများစု၏ ရာနှုန်းပြည်. ထောက်ခံပံ.ပိုးခြင်း မရှိသည်.အခါ အစဥ်မပြေမှု ပြသနာ၊ အခက်ခဲပေါင်း သောင်းခြောက်ထောင် ရင်ဆိုင်ရင်း မလျော.သောဇွဲ၊ အရှုံးမပေးသည်. လုံ.လဖြင်. လျောက်လှမ်းရင်း 2013 ရောက်လာသည်.အခါ UN , UNPO , US, UK, EU အသိမှတ်ပြုသည်. တော်လှန်ရေးတပ် ဖြစ်လာပြီး စစ်ကောင်စီ၏ တရားဝင် လက်နက်ကိုင် အဖွဲ.စည်းဟု   လက်ခံသည်. NCA (political dialogue)  ဖိတ်ကြားခြင်းခံ အဖွဲ. ဖြစ်လာသည်။
 

အထက်ဖေါ်ပြခဲ.သည်.အတိုင်း CNF/A  လိုအပ်သည်. အသုံးစရိတ် များအား ချင်းပြည်သူထံမှ မကောက်ခံတော.ပဲ နိုင်ငံတကာ (၁၆)နိုင်ငံထဲမှ တစ်နှစ်  $150 စီ ထောက်ပံ.ရန် sep 4, 2010 တွင် Chinland Club ဖွဲ.စည်းခဲ.သော်လည်း ၆ နိုင်ငံ၌ နေထိုင်သည်. ချင်းလူမျိုးသာလျှင် ၁၀ နှစ်ကျော် ထောက်ပံ.ခဲ.ကြောင်း သိရ သည်။
 

သို.သော် စစ်ကောင်စီ၏ အာဏာသိမ်းသည်. Feb 1 ,2021 သည် ချင်းတော်လှန်ရေး ဒုတိယလှိုင်း Second wave ၏ ကံကြမ္မာ အလှည်.အပြောင်း (တနည်း) CNF/A အပေါ် နှစ်ပေါင်း ၃၀ ကျော် ချင်းပြည်သူမက်ခဲ.သမျှ နေ.ခင်းအိမ်မက်များ အကောင်ထည်ဖေါ်ရန် ရောင်ခြည်သမ်းခဲ.လေပြီ။
 

ယခင် နိုင်ငံတကာရောက် ချင်းလူမျိုး ၁၆ နိုင်ငံမှ ၆ နိုင်ငံ၏ ထောက်ခံ ပံ.ပိုးမှုဖြင်.သာ ရပ်တည်လာသည်. CNF/A အား ပြည်တွင်း ချင်းလူမျိုး+ ၁၆နိုင်ငံသို. ရောက်နေသည်. ချင်းလူမျိုးများ၏ ဝက်ဝက်ကွဲ အားပေး ထောက်ခံသည်. CNF/A  ဖြစ်လာပြီဖြစ်သည်။ ထိုအရာကို ကြည်.ခြင်း အားဖြင်. ချင်းတော်လှန်ရေး အောင်မြင်မှု လှေကားထစ် ထိပ်ဆုံးသို. ရောက်ကာ ချင်းအလံ လွှင်.ထူလုနီးပြီဟု ပြောနိုင်သည်။
 

စစ်ကောင်စီ အာဏာသိမ်းပြီး တစ်လအကြာ မတ်လမှစ၍ ပန်းနုရောင်တော်လှန်ရေး (Vauraung Dotlennak) အဖွဲ.သည်. ယနေ.အထိ မနားတမ်း အလှူများ ဆက်တိုက် ကောက်ခံလျှက်ရှိသည်။ ( Vauraung= စွယ်တော်ပန်း, Dotlennak= တော်လှန်ရေးဟု အမည်ရသည်) စွယ်တော်အမျိုးစား များစွာရှိသည်.အနက် ချင်းပြည်တွင် ပွင်.သည်. စွယ်တော်ပန်းသည် နွယ်ပင်အမျိုးစား မဟုတ်၊ ၁၀ ပေ ၁၅ ပေမှ ဧရာမ ကြီးမားသည်. အပင်ဖြစ်ပြီး အဖြူရောင် ပွင်.ဖတ်များထဲမှ ပန်းနုရောင် တစ်ဖတ် ပါဝင်ကာ နွေဦးရာသီ ပိတောက်ပန်းနှုင်. အပြိုင် ပွင်.လေ. ရှိသည်။
 

စွယ်တော်ပန်း၏ ထူးခြားသည်. နောက်အချက်မူကား အပွင်.ပွင်.ချိန်တွင် အရွက်များကြွေကျကာ တစ်တောလုံး အဖြူရောင် (သန်.ရှင်းခြင်း) ကတ္တီပါ ကော်ဇောအလယ်၌ ပန်းနုရောင်များဖြင်. ချယ်သနေသည်. ဘုရားသခင်၏ လက်ရာကို မြင်တွေ.ခံစားသည်။

CNF/A ဖြတ်သန်းလာခဲ.သမျှ ❗





🔼 ကချင်ပြည် KIO ဌာနချုပ်၌ သင်တန်းတက်ခဲ.။
🔼 သင်တန်းပြီးလို. ကချင်နယ်မြေမှာပဲ ရှေ့တန်းထွက်ခဲ.။
🔼 ရှေ့တန်းမှာ ကျည်ဆံမိုးတွေ ရွာသည်.ကြားက အောင်ပွဲဆင်    

🔼 သင်တန်းပြီးလို. မိုင်ပေါင်းများစွာ ဝေးသည်. ကချင်မြေ မှ ချင်းပြည်ကို ခြေကျင်ဖြင့် လပေါင်းများစွာ ပြန်လာ။
🔼 အပြန်ခရီး၌ စားစရာ ရိက္ခာကိုယ်စီ သယ်ယူရင်း  ရက်လ ကြာညောင်းသည်.အခါ စားနပ်ရိက္ခာကုန်လာသဖြင်. တွေ.သမျှစား၊ တွေ.သမျှရေ သောက်။
🔼 လမ်းခရီးကြမ်းတမ်း၊ ရာသီဥတု ဆိုးဝါးလွန်း၍ ငှက်ဖျားရောဂါဖြစ်ကာ တစ်ဦးကိုတစ်ဦး ပုခုံးထမ်း ကူညီသယ်ပို့ကာ ခရီးဆက်ခဲ့။
🔼 ကချင်မြေမှ ထွက်စဥ်က အားကောင်းမောင်းသန် ဖြစ်ခဲ.သော်လည်း ချင်းပြည် မရောက်မီ ပိန်ချုံးနွမ်းနယ် အားအင်လျော့နည်းလာ။
🔼 ဝတ်သမျှ ယူနီဖောင်း ပေါက်ပြဲဖါထေးရာက ကွက်လပ်မကျန်။
🔼 စီးသည်.ဖိနပ် ချွတ်ကြည်.သော် နူနာကဲ.သို. ပွေးဝဲ ဒါဏ်ရာများစွာ
🔼 ကုစရာဆေးဝါး  ဗလာနတ္တိ၊ ခရီးဆက်ရင်း အမိချင်းပြည်ရောက်သော် နွေးထွေးပျူဌါသည်. အပြုံးပန်းတွေနဲ. ကြိုဆိုမည် ဆိုသည်.ပီတိ ရင်ဝယ် ပိုက်လျှက် တစ်ရက်ချင်းတစ်ရက် လျှောက်လာရင်း 'မင်းတို. သူပုန်တွေ လက်မခံဘူး၊ ရွာနာတယ်' အပြောခံရ။
🔼 ချင်းပြည်ရှိ ချင်းလူမျိုးများ လက်ခံမှု မရှိသဖြင်. ဘဂ်လားဒေ့ ရှိ မိမိ ချင်းလူမျိုး( Bawm) များနေထိုင်ရာ စစ်တကောင်းကို ခရီးဆက်ခဲ.ရပြန်။
🔼စစ်တကောင်းဒေသရှိ ချင်းလူထုမှ တိုးတိုးတိတ်တိတ် ကူညီမှု ရခဲ.သည်။
🔼 ထိုသို.သော အခက်ခဲပေါင်းများစွာ ဖြတ်ကျော်ရင်း CNF/A (70) ဦး သွေး မြေကျကာ နောက်မဆုတ်တမ်း ခရီးဆက်နေသည်. CNF/A အတွက် ဝမ်းနည်း,ဝမ်းသာ ဂုဏ်ယူမိပါကြောင်း။

ကျားကြီး KNU , ခြင်္သေ. KIA , ကျားသစ် AA , CNF _? (Part One)

 တိုင်းရင်းသား လက်နက်ကိုင် ကျားကြီး KNU ဟိန်းသံ , ခြင်္သေ. KIA ဟောက်သံ နဲ. ကျားသစ် AA ၏ အော်သံ ရှေ.ဆင်.နောက်ဆင်. ဆိုသလို ထွက်ပေါ် လာသည်.အခါ ဘယ်ပြည်သူမှ မတင်မြှောက်ပဲ သူ.ကိုယ်သူ မြန်မာ ဘုရင် "မင်း"ဟု အာဏာ အတင်းလုယူသည်. "မင်းဆိုး၊မင်းညစ်၊ မင်း ယုတ်၊ မင်းအောင်လှိုင် ကတော. အခုချိန် ရင်တုန်-ဒူးတုန်-ဖင်တုန် ဖြစ်ရုံ မှတပါး ဘာများ တတ်နိုင်အုံးမည်နည်း?


ကျွန်တော်. ကျောင်းဆရာဘဝ ပြည်နယ်စစ်ဆေးအဖွဲ.မှ ကျောင်းအုပ် ကြီးကို ထုချေ၊ ကျောင်းအုပ်ကြီးက စစ်ဆေးရေး ပြန်သွားသည်.အခါ ဆရာများကို ထုထောင်း၊ ဆရာတွေက အတန်းထဲရောက်ရင် တပည်.ကို ထုခွဲ၊ တပည်.တွေ ထုစရာမရှိတော. စားပွဲခုံကိုထိုးသလို မအလသည် မြန်မာပြည် လူအနည်းဆုံး ကရင်နီ၊ချင်းနဲ. စစ်ကိုင်းတိုင်းရှိ ရွာသိမ်ရွာငယ် တွေကို အကြီးကျယ် ၊ ထုထောင်း၊ ထုချေ၊ထိုးနှက် နေသည် ။

စကစနဲ. မအလ အနေဖြင်. မနှစ်က NUG ကို တရားဝင် ထောက်ခံတာ CNF တစ်ခုတည်း ဖြစ်ပြီး ကျန်အဖွဲ.အားလုံး တိတ်တိတ်နေခြင်းကို သူ.ဖက် ပါလာလိမ်.မည်ဟု လျှော.တွက်ပြီး ဘယ်လူသားမှ မယုံနိုင်လောက်သည်. ရက်စက်မှုမျိုးစုံ ကျူးလွန်ခဲ.သည်( တနည်း) ချင်းတော်လှန်ရေး တပ်ဦး (CNF)ကို မအလ အနေဖြင်. လက်နက်ကိုင်အဖွဲ. ဟုပင် မသတ်မှတ် ၊ ဂရုမစိုက်၊ နေရာမပေး၊ ထည်.မတွက် အခြား KNU/KIA ကဲ.သို. အထင်မကြီးခဲ.ပေ။
 
အဘယ်ကြောင်. KNU (၇၃)နှစ်  KIA (၆၁)နှစ်၊ AA ( ၁၂) နှစ်ပတ်လည် အထိမ်းမှတ် ကျင်းပပြီး CNFလည်း (၃၃)နှစ် ပတ်လည် ကျင်းပနေပြီ ဖြစ်သော်လည်း ဘာ.ကြောင်. လက်နက်အင်အား လူအင်အား ချို.တဲ. ချိနဲ.ကာ စကစ၏ ဘေးမဲ.လွှတ်ထားသည်. လက်နက်ကိုင်အဖွဲ. ဖြစ်ရ ပါ သနည်း? ဆိုသည်.အချက် အနည်းငယ် ဝေမျှလိုသည်။

အမှန်စင်စစ် ချင်းတော်လှန်ရေး အနေဖြင်. ဟိုတနေ.က ရေးခဲ.သည်. "ဗမာမရှိမှ မြန်မာပြည် ငြိမ်းချမ်းမယ်' ပြောသည်. ခေါင်းဆောင် ဒုဗိုလ်မှူး ကြီး နဲ. ဟရန်နောလ်အဖွဲ. အားလုံး ထိုခေတ်ထိုအချိန်က ပညာအရည်ချင်း၊ စစ်မက်ရေးရာ သျှမ်းသျှမ်းတောက် ချင်းသေနတ်ကိုင် တပ်(၃)မှ အရည်ချင်း ပြည်.စုံသူများ ဖြစ်လင်.ကစား ၁၀ နှစ်အတွင်း စစ်ကောင်စီ၏ ဖမ်းဆီး ဖြိုခွင်း ထောင်ချခြင်း မခံရလျှင် ယခုအချိန် KIA နှင်. တက်တမ်း အတူတူ ဖြစ်ပေမည်။

ချင်းတော်လှန်ရေး တစ်ကျော.ပြန် " ၈၈" မျိုးဆက်များ ဦးဆောင်မှုဖြင်. CNF/A ကို ပြနလည် ဖွဲ.စည်းကာ ယ္ခုချိန် ၃၃ နှစ်သက်တမ်းရှိလာပြီ ဖြစ်သော်လည်း  KNU , KIA လောက် လက်နက်ပြည်.စုံမှု မရှိရင်တောင် မနေ.တနေ.က ပေါ်လာသည်. AA လောက် လက်နက်မပြည်.မစုံ၊ စကစ၏  မကိုက်နိုင်သည်. ရေမြွေအလား ဂရုမစိုက်၊ ဘေးမဲ.လွတ်ခြင်း ခံရသည်. အကြောင်းရင်းသည် မူလကနဦး (အာဏာမသိမ်းမီထိ) CNF/A ၏ ဝါဒသဘောထားသည် ~

Non-violent သေနတ်တချက် မဖေါက်သည်. တော်လှန်ရေး နည်းဗျူဟာ ဖြင်. နှစ်ပေါင်း ၃၂ နှစ်တိုင်တိုင် ကျင်.သုံးခဲ.ပြီး Self defence မိမိ ခန္ဒာ ကာကွယ်ရန် အပြင် ၊ ကမ္ဘာက အတိမှတ်ပြုသည်. တော်လှန်ရေး အဖွဲ. ဖြစ်ရန် လက်နက် အနည်းအကျဥ်း မျှသာ ကိုင်ရ ပါမည်။ ကမ္ဘာ. နာမည် ကြီး Non-violent တော်လှန်ရေး ( တနည်း အမေစု လမ်းစဥ်) ကို ကျင်.သုံး ခဲ.သည်။
(1)1920s-1947 -- Mohandas Gandhi
(2) 1968-69 -- Soviet vs Czechoslovakia
(3) 1986 -- The Philippines "people power"
 (4) 1990 -- Nelson Mandela South Africa
 (5) 1996 -- Serbia dictator Slobodan Milosevic,

ထို.ကြောင်. CNF/A ၏ ceasefire ငြိမ်းချမ်းရေး နှုင်. နိုင်ငံရေး စားပွဲခုံ၌ ဆွေးနွေးခြင်းလမ်းစဥ် negociation နောက်ကျောခိုင်းပြီး လက်နက်ခဲယမ်း စုဆောင်းကာ ခံစစ်/တိုက်စစ် ဖွင်.လာခဲ.သည်. သက်တမ်းသည် တစ်နှစ် ပြည်.ပြီ လို.ပြောရမည်။

CNF/A ၏ နွေဦးတော်လှန်ရေးမှသည် တူမီးတိုက်ပွဲသည် တစ်နှစ်သားသာ ဖြစ်လင်.ကစား နှစ်ပေါင်း ၆၀ ကျော် ၇၀ ရှိပြီဖြစ်သော မအလ၏  စကစ တပ်ကို ကြောက်ရွံ.ထိတ်လန်.၊ အရှုံးပေးလိုစိတ် စိုးစိမျှမရှိ ဆက်လက် တိုက်ခိုက် တွန်းလှန် နေအုံးမည် ဖြစ်သည်။

LAI HOLH